မတ်ပဲ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူဈေးကွက်၌ ဇွန်လ စတုတ္ထပတ်တွင် မတ်ပဲဈေးတက်ပြီး မတ်ပဲတစ်တင်းလျှင် သီးနှံ အရည်အသွေးလိုက်၍ ကျပ် ၁၀ဝ၀ဝ၀ - ၉၀ဝ၀ဝ ဈေးရှိပြီး ယခင် မေလ စတုတ္ထပတ်က ကျပ် ၈၅၀ဝ၀-၈၃၀ဝ၀ ဖြစ်ခဲ့၍ တစ်လအတွင်း မတ်ပဲတစ်တင်းလျှင် ကျပ် ၁၅၀ဝ၀ ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း သိရှိရသည်။ မတ်ပဲသီးနှံသည် ပြည်တွင်း စားသုံးမှုနည်းသော်လည်း ပြည်ပနိုင်ငံများမှ ဝယ်လိုအားကောင်းသော သီးနှံတစ်မျိုးဖြစ်၍ ဈေး ကွက်ခိုင်မာမှုရှိကြောင်း ပဲဈေးကွက်မှ သိရသည်။
ပဲတီစိမ်း
ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို မိုးနှင့်ဆောင်းနှစ်ရာသီစိုက်ပျိုးကြပြီး ယခုနှစ်တွင် နွေပဲတီစိမ်း စိုက်ဧက ၂၀ဝ၀ဝ ခန့် စိုက်ပျိုးထားကြောင်း သိရသည်။ နွေပဲတီစိမ်းကို ဖေဖော်ဝါရီလ ကုန် မတ်လဆန်းတွင် စတင်စိုက်ပျိုးပြီး ဇွန်လဆန်းပိုင်းတွင် လှိုင်လှိုင် ထွက်ပေါ်ကြောင်း၊ ဈေးနှုန်းအနေဖြင့် သီးနှံပေါ်စ ဇွန်လဆန်းပိုင်း တွင် ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၁၃၅၀ဝ၀-၁၃၀ဝ၀ဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ဇွန်လ စတုတ္ထပတ်တွင် ပဲတီစိမ်း တစ် တင်းလျှင် ကျပ် ၁၂၀ဝ၀ဝ-၁၁၅၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပြီး တစ်ဧက အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁၀ဝ၀ဝ၀ဝ ခန့်ရရှိကြောင်း သိရသည်။
ပဲစင်းငုံ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပခုက္ကူဈေးကွက်၌ ဇွန်လ စတုတ္ထပတ်တွင် ပဲစင်းငုံသီးနှံများ ဈေးပြန်လည်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ သီးနှံပေါ်စ ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ် ၁၂၆၅၀ဝ-၁၂၂၀ဝ၀ ဈေးဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ရာ ပြည်ပဈေးကွက် ဝယ်လိုအားနည်း၍ ဈေးအေးနေကြောင်း သိရသည်။
ဖေဖော်ဝါရီလတွင် ပဲစင်းငုံနီ တစ်တင်းလျှင် ကျပ် ၉၃၀ဝ၀-၉၂၀ဝ၀၊ မတ်လတွင် ကျပ် ၉၄၅၀ဝ-၉၃၀ဝ၀၊ ဧပြီလတွင် ကျပ် ၉၃၀ဝ၀-၉၂၆၀ဝ ၊ မေလတွင် ကျပ် ၇၈၀ဝ၀-၇၅၀ဝ၀၊ ဇွန်လ စတုတ္ထ ပတ်တွင် တစ်တင်းလျှင် ကျပ် ၈၆၀ဝ၀-၈၅၀ဝ၀ ဖြင့် ဈေးပြန်လည် မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်သည်။ ဈေးကွက်သို့ ကုန်ဝင် သလောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်လာသည့် ပဲစင်းငုံနီများကို ရန်ကုန်၊ မန္တလေးဈေးကွက်သို့ တင်ပို့ပြီး ထိုမှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ ပဲစင်းငုံသီးနှံသည် ပြည်ပို့ကုန် ပဲတစ်မျိုးဖြစ်၍ ဈေးကွက် ဝယ်လိုအား ပေါ်မူတည်ပြီး နေ့စဉ်နှင့်အမျှ ဈေးနှုန်းပြောင်းလဲမှုများရှိကြောင်း သိရသည်။
ကုလားပဲ
ယခုအချိန်တွင် တောင်သူများတွင် သီးနှံလက်ကျန် နည်းချိန် ရောက်ရှိပြီး ကုန်သည်ကြီးများမှ ဝယ်ယူသိုလှောင်ထားရှိသော ကုလားပဲများကို ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။
ဇွန်လ စတုတ္ထပတ်တွင် ကုလားပဲမျိုးစုံမှာ ယခင်တစ်ပတ် အတိုင်း ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ် လျက်ရှိပြီး ဈေးနှုန်းအနေဖြင့် (ဠ၂)တစ်တင်းလျှင် ကျပ် ၈၉၀ဝ၀-၈၈၅၀ဝ၊ ကုလားပဲ(ဠ၆) တစ်တင်း လျှင် ကျပ် ၉၀ဝ၀ဝ-၈၈၀ဝ၀၊ ကုလားပဲ(ူံ) တစ်တင်းလျှင် ကျပ် ၈၇၀ဝ၀၊ ကုလားပဲ(၉၂၉) တစ်တင်းလျှင် ကျပ် ၈၈၀ဝ၀ ဖြစ်ခဲ့ပြီး ပွဲရုံဈေးကွက်တွင် နေ့စဉ် ပိဿာ ၂၀ ဝင်အိတ် (၁၅၀ဝ မှ ၂၀ဝ၀)ခန့်ထိ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ဒေသတွင်း ဝယ်ယူ သုံးစွဲမှုအပြင် ရန်ကုန်၊ မန္တလေး ဈေးကွက်သို့ အများဆုံးတင်ပို့ကြောင်း၊ ကုလားပဲသီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး ပြည်တွင်းစားသုံးမှု များ၍ ယခုအချိန်တွင် ရောင်းလိုအား ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် သွက်လျက်ရှိကြောင်း မြို့ပေါ်ရှိ ပဲရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။
စားတော်ပဲ
ပခုက္ကူမြို့ ပဲဈေးကွက်တွင် ပြည်တွင်းစားသုံးမှု မြင့်မားလျက်ရှိ သော စားတော်ပဲများ တက်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရှိရသည်။ ယခုနှစ်သီးနှံပေါ်ချိန် ဖေဖော်ဝါရီလစတုတ္ထပတ် အစောပိုင်းမှစ၍ ယောနယ်ဒေသထွက် ကျွန်းစားတော်ပဲ (အသစ်)များ ပွဲရုံဈေးကွက်တွင် စတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ဈေးကွက်သို့ ကျွန်းစားတော်ပဲ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြစ်ခြေ၊ ကမ္မ၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည် ဒေသများနှင့် ပေါက်၊ ဆိပ်ဖြူမြို့မှ ထွက်ရှိသော စားတော်ပဲများပွဲရုံ များသို့ နေ့စဉ် ဝင်ရောက်ကြောင်း၊ သီးနှံ (အသစ်)ပေါ်ချိန်တွင် ဈေး အေး၍ အရောင်းအဝယ်ဖြစ်ပြီး ပြည်တွင်းစားသုံးမှုများ၍ စားတော်ပဲ ဈေး တရိပ်ရိပ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် ဇွန်လ စတုတ္ထပတ်တွင် (ကျွန်း)စားတော်ပဲ တစ်တင်းလျှင် ကျပ် ၁၇၀ဝ၀ဝ- ၁၆၅၀ဝ၀၊ (ယော)စားတော်ပဲ တစ် တင်းလျှင် ကျပ် ၁၂၀ဝ၀ဝ-၁၃၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ပြီး မေလ စတုတ္ထပတ်တွင် ကျွန်းစားတော်ပဲ တစ်တင်းလျှင် ကျပ် ၁၃၆၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်လ အတွင်း စားတော်ပဲ တစ်တင်းလျှင် ကျပ် ၂၀ဝ၀ဝခန့်ဈေး တက်လာ ကြောင်း သိရသည်။ အရောင်းအဝယ် ဖြစ်မှုအနေဖြင့် ပွဲရုံဈေးကွက် သို့ တစ်ရက်လျှင် ကျွန်းစားတော်ပဲ သီးနှံ(အသစ်) ပိဿာ ၃၀ ဝင် အိတ်၅၀ မှ ၁၀ဝ အထိ ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးမှုအနေဖြင့် မြန်မာ လူမျိုးများ သည် စားတော်ပဲသီးနှံ ကို မြန်မာ့ရိုးရာ အစားအစာအဖြစ် နေ့စဉ် စားသုံးကြကြောင်း သိရ သည်။
ပဲကြီး
မေလအစောပိုင်းမှစတင်၍ ပဲကြီးဈေးနှုန်း မြင့်တက်လာပြီး ပဲကြီးတစ်တင်းလျှင် ကျပ် ၁၁၅၀ဝ၀-၉၅၀ဝ၀-၈၇၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး မေလစတုတ္ထပတ်တွင် ပဲကြီးတစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ၀- ၈၀ဝ၀ဝ- ၇၇၀ဝ၀ဖြစ်၍ တစ်လအတွင်း ပဲကြီးတစ် တင်းလျှင် ကျပ် ၁၅၀ဝ၀ ခန့် ဈေးမြင့်တက်လာကြောင်း၊ ပဲကြီးမှာ ပြည်တွင်းစားသုံးမှုများသော ပဲတစ်မျိုးဖြစ်ပြီး ဈေးကွက်ဝယ်လိုအား နှင့် ပဲလက်ကျန် အနည်းအများပေါ် မူတည်ပြီး ဈေးနှုန်း အတက် အကျရှိကြောင်း၊ ဇွန်လစတုတ္ထပတ်တွင် ပဲကြီးဈေးနှုန်း မြင့်တက်လာ ကြောင်း သိရသည်။
မြေပဲ
ပခုက္ကူပွဲရုံဈေးကွက်တွင် ဖြစ်ပေါ်နေသော မြေပဲဈေးနှုန်းများ မှာ ဇွန်လစတုတ္ထပတ်တွင် မြေပဲဈေးကွက်ကျဆင်း၍ အရောင်း အဝယ်ဖြစ်ကြောင်း၊ မြေပဲအတောင့် (အခြောက်) တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀ - ၄၅၀ဝ - ၄၀ဝ၀၊ မြေပဲလုံးဆန်နီ တစ်ပိဿာလျှင် ကျပ် ၉၃၀ဝ-၉၂၀ဝ၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာလျှင် ကျပ် ၉၅၀ဝ-၉၃၀ဝ၊ ဆီဆန်တစ်ပိဿာလျှင် ကျပ်၈၄၀ဝ-၆၈၀ဝ၊ ဆုံမြေပဲဖတ် (အခွေ) တစ်ပိဿာလျှင် ကျပ် ၄၅၀ဝ-၄၀ဝ၀ ၊ စက်ပဲ ဖတ် တစ်ပိဿာလျှင် ကျပ် ၄၇၀ဝ-၄၆၀ဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်မေလ စတုတ္ထပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက မြေပဲဆန် တစ်ပိဿာလျှင် ကျပ် ၄၀ဝ၊ ပဲဖတ်တစ်ပိဿာ ကျပ် ၁၅၀ ဈေးနှုန်းလျော့ကျခဲ့ကြောင်း သိရသည်။
မြင့်မြင့်သန်း (ပခုက္ကူ)