Main menu

Background

မကွေးဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲကြီးနှင့် နှမ်းဈေးနှုန်း အခြေအနေ

Mon, 08/04/2025 - 10:09 -- journal_editor

မကွေးတိုင်းဒေသကြီး မကွေးမြို့အနီးပတ်ဝန်းကျင်ရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာ ကောက်စသည့်ကျေးရွာများ၊ နတ်မောက်၊ တောင်တွင်းကြီး၊ မြို့ သစ်မြို့နှင့် မြစ်အနောက်ဘက်ကမ်းရှိ စလင်း၊ ဆင်ဖြူကျွန်း တို့မှထွက်ရှိသော ပဲတီစိမ်း၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲ၊ ကုလားပဲ နှင့် နှမ်းသီးနှံများ မကွေးဈေးကွက်သို့ နေ့စဉ် ဝင်ရောက်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ 
ကုလားပဲ
မကွေးဈေးကွက်၌ မြို့သစ်၊ တောင်တွင်းကြီး၊ နတ်မောက် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသည့် ကုလားပဲသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဈေးနှုူန်းအနေဖြင့် ဇူလိုင် စတုတ္ထပတ်တွင် ကုလားပဲ(ူံ) ကျပ် ၈၅၅၀ဝ၊ ကုလားပဲ(၉၂၉) ကျပ် ၈၆၅၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိရာ ယခင်တစ် ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရသည်။ ဈေးကွက်အနေဖြင့် တစ်လအတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ ကုလားပဲအိတ် ၉၀ဝ၀၊ ပဲခူး မြို့သို့  အိတ်ရေ ၂၄၅၀ တင်ပို့ခဲ့ကြောင်း သိရသည်။
ပဲတီစိမ်း
ဇူလိုင် စတုတ္ထပတ်တွင် ပဲတီစိမ်း  တစ်တင်းလျှင် ကျပ် ၁၂၇၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းနှင့်  နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ် ၁၂၀ဝ၀  ဈေးနှုန်း မြင့်တက်လာကြောင်း သိရသည်။ ဇူလိုင်တတိယပတ်မှ စ၍ မကွေးဈေးကွက်သို့ ပဲတီစိမ်းအသစ်များ လှိုင်လှိုင်ဝင် ရောက်လျက်ရှိပြီး ဈေးကွက်အနေဖြင့် ရန်ကုန်မြို့၊ မန္တလေးမြို့ ကြီးများသို့ တင်ပို့လျက်ရှိကြောင်း၊ တစ်လအတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ ပဲတီစိမ်း အိတ်၁၀ဝ၀ ၊ မန္တလေးမြို့သို့ အိတ် ၁၀ဝ၀ တင်ပို့ခဲ့ကြောင်း သိရသည်။
မတ်ပဲ
ဇူလိုင်လစတုတ္ထပတ်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၉၀ဝ၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိရာ ယခင်တစ်ပတ်နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရသည်။ ဈေး ကွက်အနေဖြင့် မကွေးမြို့မှ ရန်ကုန်မြို့သို့ အိတ် ရေ ၄၀ဝ၀ ခန့် တင်ပို့ခဲ့ကြောင်း သိရသည်။
ပဲကြီး
ဇူလိုင်လစတုတ္ထပတ်တွင် ပဲကြီးတစ်တင်းလျှင် ကျပ် ၉၅၀ဝ၀ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက တည်ငြိမ်လျက်ရှိကြောင်း သိရသည်။ ဈေးကွက် အနေဖြင့် မကွေးမြို့မှ ရန်ကုန်မြို့သို့ အိတ်  ၄၀ဝ၀ ခန့် တင်ပို့ခဲ့ ကြောင်း သိရသည်။
နှမ်း
မကွေးဈေးကွက်၌ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများ သာမက မြို့သစ်၊ တောင်တွင်းကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှထွက်ရှိသည့် နှမ်းမျိုးစုံဝင်ရောက်လျက်ရှိရာ ဇူလိုင် စတုတ္ထပတ်တွင် နှမ်းနီ ကျပ်၁၁၀ဝ၀ဝ၊ နှမ်းဖြူ ကျပ်၁၁၂၀ဝ၀၊ နှမ်းနက်(စမုန်) ကျပ် ၂၈၀ဝ၀ဝ၊ နှမ်းနက်(ရိုးရိုး)  ကျပ်၂၂၀ဝ၀ဝ၊ နှမ်းညိုကျား ကျပ်၁၀ဝ၀ဝ၀၊ ဂျပန်နှမ်းဖြူ  ကျပ် ၁၂၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်း ယှဉ်ပါက ယခုတစ်ပတ်တွင် နှမ်းနက်(စမုန်) ကျပ် ၁၀ဝ၀ဝ၊ နှမ်း နက် (ရိုးရိုး) ကျပ်၂၀ဝ၀ဝ၊ နှမ်းညိုကျား ကျပ် ၁၀ဝ၀ဝ ဈေးနှုန်း မြင့်တက်ခဲ့ပြီး နှမ်းနီ ကျပ်၅၀ဝ၀၊ ဂျပန်နှမ်းဖြူ ကျပ်၅၀ဝ၀ ဈေးနှုန်း လျော့ကျခဲ့ကြောင်း သိရသည်။ 
ယခုအချိန်တွင် ဒေသတွင်း မိုးကြိုနှမ်းများမှာ စတင်ထွက် ရှိနေပြီး ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိကြောင်း သိရ သည်။ ဈေးကွက်အနေဖြင့် မကွေးမြို့မှမန္တလေးမြို့သို့ နှမ်း အိတ်ရေ ၁၃၀ဝ၀၊ ပဲခူးမြို့သို့ အိတ်ရေ ၈၀ဝ၀ တင်ပို့ခဲ့ကြောင်း သိရသည်။

ရဲမင်းသာ(မကွေး)