မတ်ပဲ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ဇူလိုင်လ စတုတ္ထပတ်အတွင်း မတ်ပဲရိုးရိုးတစ်တင်း လျှင် ကျပ် ၈၃၀ဝ၀၊ မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် ကျပ် ၈၇၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်အတွင်း မတ်ပဲရိုးရိုး တစ်တင်းလျှင် ကျပ် ၁၀ဝ၀ နှင့် မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် ကျပ် ၅၀ဝ မြင့်တက်နေကြောင်း သိရသည်။
မြေပဲလုံးဆန်
ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်နေသည့် မြေပဲလုံးဆန်ဈေးနှုန်းများမှာ ဇူလိုင်လ စတုတ္ထပတ်အတွင်း မြေပဲလုံးဆန် ၂၅ ပိဿာတစ်အိတ်လျှင် ကျပ် ၂၀၂၅၀ဝဖြစ်ပြီး ယခင်ပတ်ဈေးနှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆန် တစ် တင်းလျှင် ကျပ် ၈၇၅၀ ဈေးကျဆင်းနေကြောင်း သိရှိရသည်။
ပဲစင်းငုံ
ဇူလိုင်လ စတုတ္ထပတ်အတွင်း ပဲစင်းငုံနီတစ်တင်းလျှင် ကျပ် ၈၀ဝ၀ဝ၊ ပဲစင်းငုံဖြူ တစ်တင်းလျှင် ကျပ် ၇၇၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
ထောပတ်ပဲ
ဇူလိုင်လ စတုတ္ထပတ်အတွင်း ထောပတ်ပဲ တစ်တင်းလျှင် ကျပ် ၁၂၃၀ဝ၀၊ အကွဲ အနာပါ တစ်တင်းလျှင် ကျပ် ၁၂၂၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုတစ်ပတ်တွင် တစ်တင်းလျှင် ကျပ် ၂၀ဝ၀ ဈေးနှုန်းမြင့်တက်လာ ကြောင်း သိရသည်။
ပြောင်း
ကန့်ဘလူမြို့နယ်၌ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဃ.ဏ.၈၀၈ နှင့် ဃ.ဏ.၈၈၈ မျိုးတို့ကို အများ ဆုံးစိုက်ပျိုးကြကြောင်း၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း အစေ့ထုတ်ပြောင်းတစ်တင်းလျှင် ကျပ် ၂၃၁၀ဝ၊ ပြောင်းအရည် အသွေးညံ့လျှင် ကျပ် ၂၂၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုတစ်ပတ်အတွင်း အစေ့ထုတ်ပြောင်း တစ် တင်းလျှင် ကျပ် ၂၀ဝခန့် ဈေးကျဆင်းကြောင်း သိရှိရသည်။
နှမ်း
ဇူလိုင်လ စတုတ္ထပတ်အတွင်း နှမ်းနက်(စမုန်)တစ်တင်းလျှင် ကျပ် ၂၂၃၀ဝ၀၊ နှမ်းဖြူ(ဂျပန်) တစ်တင်းလျှင် ကျပ် ၁၀၅၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုတစ်ပတ်အတွင်း နှမ်းနက်တစ်တင်းလျှင် ကျပ် ၂၀ဝ၀ ဈေးကျ ဆင်းပြီး နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၁၅၀ဝ မြင့်တက်လာကြောင်း၊ သီးနှံဈေးနှုန်းမှာ အချိန်နှင့်အမျှ ပြောင်းလဲမှုရှိကြောင်း ဒေသတွင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရသည်။
ဝင်းသန်း(ကျွန်းလှ)