Main menu

Background

ပခုက္ကူ ပဲမျိုးစုံဈေးကွက်

Wed, 09/03/2025 - 12:21 -- journal_editor

ကျွန်းစားတော်ပဲ
ပခုက္ကူမြို့ ပဲဈေးကွက်တွင် ပြည်တွင်းစားသုံးမှု မြင့်မား လျက်ရှိသော စားတော်ပဲများ တက်ဈေးဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ ဈေးကွက်သို့ ကျွန်းစားတော်ပဲ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြစ်ခြေ၊ ကံမ၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည်ဒေသများနှင့် ပေါက်၊ ဆိပ်ဖြူ မြို့မှ ထွက်ရှိသော စားတော်ပဲများ ပွဲရုံများသို့ နေ့စဉ် ဝင်ရောက် ကြောင်း၊ ပြည်တွင်းစားသုံးမှုများ၍ စားတော်ပဲဈေး တရိပ်ရိပ် မြင့်လာကြောင်း သိရသည်။
ကျွန်းစားတော်ပဲ  တစ်တင်းလျှင် ကျပ် ၁၈၅၀ဝ၀-၁၆၅၀ဝ၀၊ ယောစားတော်ပဲ  တစ်တင်းလျှင် ကျပ် ၁၃၅၀ဝ၀-၁၂၅၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး တစ်လအတွင်း စားတော်ပဲ  တစ်တင်းလျှင် ကျပ် ၂၅၀ဝ၀ ခန့် ဈေးတက်လာ ကြောင်း သိရသည်။ တောင်သူများတွင် ပဲလက်ကျန်နည်းပြီး ကုန်သည်များမှ ဝယ်ယူသိုလှောင်ထားရှိသော ပဲများအရောင်း အဝယ် ဖြစ်လျက်ရှိသည်။ ဝယ်လိုအားကောင်း၍ ပြည်တွင်းစား တော်ပဲဈေးကွက် စံချိန်တင် အမြင့်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
ကုလားပဲ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပခုက္ကူမြို့သည် ပဲမျိုး စုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုအချိန်တွင် တောင်သူ များတွင် သီးနှံလက်ကျန် နည်းချိန်ရောက်ရှိပြီး ကုန်သည်ကြီးများ မှ ဝယ် ယူသိုလှောင်ထားရှိသော ကုလားပဲများကို ရောင်းချဖြန့် ဖြူးလျက်ရှိကြောင်း သိရှိရသည်။ 
သြဂုတ်စတုတ္ထပတ်တွင် ကုလားပဲမျိုးစုံ ဈေးနှုန်းအနေဖြင့် ဠ၂ တစ်တင်းလျှင် ကျပ် ၈၉၀ဝ၀-၈၈၅၀ဝ၊ ကုလားပဲ(V6) တစ် တင်းလျှင် ကျပ် ၉၀ဝ၀ဝ-၈၈၀ဝ၀၊ ကုလားပဲ(ူံ) တစ်တင်းလျှင် ကျပ် ၈၇၀ဝ၀၊ ကုလားပဲ(၉၂၉) တစ်တင်းလျှင် ကျပ် ၈၈၀ဝ၀  အရောင်း အဝယ်ဖြစ်ခဲ့ပြီး ပွဲရုံဈေးကွက်တွင် နေ့စဉ်  ပိဿာ ၂၀ ဝင် အိတ် ၁၅၀ဝ မှ ၁၇၀ဝ ခန့်ထိ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူ ပွဲရုံဈေးကွက်သို့ ဝင်ရောက်သည့် ကုလားပဲများကို တန်ဖိုး မြှင့် ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်လျက်ရှိသော မြို့ပေါ်ရှိ ပဲခွဲ စက် လုပ်ငန်းရှင်များ၊ ပဲကြော်/ပဲမုန့် (အစိမ်း/အကျက်)ထုတ် လုပ်သော လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ကုလားပဲ ခြမ်းများလည်း တစ်ပြည်လျှင် ကျပ် ၇၀ဝ၀ ဈေးဖြင့် အရောင်း အဝယ်ဖြစ်ကြောင်း၊ ဒေသတွင်း ဝယ်ယူသုံးစွဲမှုအပြင် ရန်ကုန်၊ မန္တလေး ဈေးကွက်သို့ အများဆုံး တင်ပို့ကြောင်း၊ ကုလားပဲသီးနှံ သည် ကျန်းမာရေးနှင့် ညီညွတ်ပြီး ပြည်တွင်းစားသုံးမှုများ၍ ယခုအချိန်တွင် ရောင်းလိုအားဝယ်လိုအားကောင်းပြီး အရောင်း အဝယ် သွက်လျက်ရှိကြောင်း သိရသည်။
မြေပဲ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံ အဓိကထား စိုက်ပျိုးလျက်ရှိပြီး ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက် သီးနှံ မျိုးစုံရောင်းဝယ်ရေး ဈေးကွက်သို့ ဆီထွက်သီးနှံ မြေပဲများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုသြဂုတ်လ စတုတ္ထ ပတ်တွင် မြေပဲဈေးအနည်းငယ် ပြန်လည်မြင့်တက် အရောင်း အဝယ် ဖြစ်လျက်ရှိသည်။ 
ယခုအချိန်တွင် မြေပဲ(အသစ်)များ ပခုက္ကူဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်  အရောင်းအဝယ်ဖြစ်လျက်ရှိရာ မြို့ပေါ်ရှိ လုပ်ငန်းရှင်များမှလည်း မြေပဲဆီသန့်ထုတ်လုပ်ရန် ကုန်ကြမ်း မြေပဲတောင့်များကို စတင် သိုလှောင်ထားရှိကြောင်း၊ ပြည်တွင်း ဖြစ် မြေပဲဆီသန့် စားသုံးမှု မြင့်မားလျက်ရှိ၍ ဈေးကွက်သို့ ဝင် ရောက်လာသော မြေပဲအတောင့်နှင့် အဆန်များကို မြို့ပေါ်ရှိ လှောင်လက်သမားများ၊ ဆီစက်လုပ်ငန်းရှင်များ မှ အဝယ်လိုက် ကြောင်း သိရသည်။ အရည်အသွေးနှင့် ဝယ်လိုအားပေါ် မူတည် ၍ ဈေးကွာခြားမှုရှိကြောင်းသိရသည်။ 
သြဂုတ်လ စတုတ္ထပတ်တွင် မြေပဲအတောင့် (အခြောက်) တစ်ပိဿာလျှင် ကျပ်၄၅၀ဝ-၄၀ဝ၀-၂၅၀ဝ၊ မြေပဲတောင့် (အစို) တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀-၂၉၀ဝ၊ မြေပဲလုံးဆန်နီ တစ်ပိဿာ လျှင် ကျပ် ၈၀ဝ၀-၇၈၀ဝ-၇၇၀ဝ၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ လျှင် ကျပ် ၇၈၀ဝ-၇၆၀ဝ-၇၅၀ဝ၊ ဆီဆန်တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀-၆၀ဝ၀-၅၉၀ဝ၊ ဆုံမြေပဲ ဖတ်(အခွေ) တစ်ပိဿာလျှင် ကျပ် ၄၂၀ဝ-၄၁၅၀ ၊ စက်ပဲဖတ် တစ်ပိဿာလျှင် ကျပ် ၄၃၀ဝ-၄၃၅၀ ဈေးဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သည်။  ဒေသတွင်းဈေး ကွက်၌ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၁၈၅၀ဝ-၁၈၀ဝ၀ ဈေး အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းနှင့် ပခုက္ကူ မြေပဲဈေး ကွက် အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရသည်။
မတ်ပဲ
မတ်ပဲဈေးနှုန်းမှာ သြဂုတ်လ စတုတ္ထပတ်တွင် ဈေးတက် လာကြောင်း သိရသည်။  မတ်ပဲတစ်တင်းလျှင်  သီးနှံ အရည် အသွေးလိုက်၍  ကျပ် ၈၉၀ဝ၀ မှ ၈၈၀ဝ၀ ဈေးရှိပြီး ယခင် သြဂုတ်လတတိယပတ်တွင် ကျပ် ၈၆၀ဝ၀-၈၅၀ဝ၀ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပတ်အတွင်း မတ်ပဲ တစ်တင်းလျှင် ကျပ် ၃၀ဝ၀ ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း သိရ သည်။ မတ်ပဲသီးနှံသည် ပြည်တွင်းစားသုံးမှု နည်းသော် လည်း ပြည်ပနိုင်ငံများမှ ဝယ်လိုအားကောင်း၍ ဈေးကွက်ခိုင်မာ မှုရှိကြောင်း၊ ပြည်ပဈေးကွက်အပေါ်မူတည်၍ ဈေးနှုန်းအနိမ့် အမြင့်ရှိကြောင်း ပဲဈေးကွက်မှ သိရှိရသည်။
ပဲကြီး
မေလအစောပိုင်းတွင် ပဲကြီးတစ်တင်းလျှင် ကျပ် ၉၅၀ဝ၀- ၈၇၀ဝ၀  ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး သြဂုတ်လ စတုတ္ထပတ် တွင် ပဲကြီးတစ်တင်းလျှင် ကျပ် ၁၂၅၀ဝ၀-၁၂၀ဝ၀ဝ ဖြစ်ခဲ့သည်။ ယခုအချိန်တွင် ဒေသတွင်း  ပဲလက်ကျန်နည်း၍ ဈေးကွက် ဝယ်လိုအား  များလျက်ရှိခြင်းကြောင့် ပဲကြီးဈေးနှုန်း တရိပ်ရိပ် မြင့်တက်လာကြောင်း   ပခုက္ကူမြို့ပေါ်ရှိ  ပဲရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရသည်။ 
နှမ်းမျိုးစုံ
ဆီထွက်သီးနှံမျိုးစုံ ရောင်းဝယ်ရေး ဈေးကွက်တွင် သြဂုတ် လဆန်းမှစ၍ နှမ်းမျိုးစုံ ဈေးကျဆင်းလာကြောင်း ပခုက္ကူဈေး ကွက်မှ သိရသည်။ ဈေးနှုန်းအနေဖြင့် သြဂုတ်လစတုတ္ထပတ်တွင် နှမ်းနက် (စမုန်)  တစ်တင်းလျှင်  ကျပ် ၂၄၀ဝ၀ဝ-၂၃၀ဝ၀ဝ- ၂၂၀ဝ၀ဝ၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၉၅၀ဝ၀-၉၃၀ဝ၀၊ နှမ်း ညို တစ်တင်းလျှင် ကျပ် ၉၂၀ဝ၀-၉၁၅၀ဝ၊ နှမ်းဝါတစ်တင်းလျှင် ကျပ် ၉၃၀ဝ၀  အရောင်းအဝယ်ဖြစ်ပြီး သြဂုတ်လတတိယပတ် နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက နှမ်းနက်(စမုန်) တစ်တင်းလျှင် ကျပ် ၃၀ဝ၀ဝ ခန့်၊ ကျန်နှမ်း အမျိုးအစားများမှာ တစ်တင်းလျှင် ကျပ် ၂၀ဝ၀ ခန့် ဈေးကျပြီး အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။ 
ဈေးကွက်သို့ ရေစကြိုဒေသထွက် နှမ်း(ဖြူ)များ အများဆုံး ဝင်ရောက်လျက်ရှိကြောင်း၊ ပခုက္ကူပွဲရုံဈေးကွက်သို့ ရောက်ရှိ သည့် နှမ်းများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များ၊ နှမ်းလှော် လုပ်ငန်းရှင်များနှင့် အခြားစားသောက်ကုန်လုပ်ငန်းရှင်များမှ ဝယ်ယူမှု များကြောင်း၊ ရန်ကုန်၊ မန္တလေးဈေးကွက်သို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။
ပဲစင်းငုံ
ဖေဖော်ဝါရီလတွင် ပဲစင်းငုံနီ တစ်တင်းလျှင် အမြင့်ဈေး ကျပ် ၉၃၀ဝ၀-၉၂၀ဝ၀၊ မတ်လတွင် ပဲစင်းငုံနီ တစ်တင်းလျှင် ကျပ် ၉၄၅၀ဝ-၉၃၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဧပြီ လတွင် တစ်တင်းလျှင် ကျပ် ၉၃၀ဝ၀-၉၂၆၀ဝ မေလတွင် ကျပ် ၇၈၀ဝ၀-၇၅၀ဝ၀၊ ဇွန်ဒုတိယပတ်တွင် ကျပ် ၈၆၀ဝ၀-၈၅၀ဝ၀ ဖြင့် ဈေးတက်လာ၍ ဇူလိုင်တတိယပတ်တွင်  ကျပ် ၈၈၀ဝ၀-၈၅၀ဝ၀ သြဂုတ် စတုတ္ထပတ်တွင် ကျပ် ၇၈၀ဝ၀-၈၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ပြီး   ဈေးကွက်သို့  ကုန်ဝင်သလောက် အရောင်းအဝယ် ဖြစ်ကြောင်း၊ ပြည်ပပို့ကုန်ပဲတစ်မျိုးဖြစ်၍ ဈေး ကွက် ဝယ်လိုအားပေါ်မူတည်ပြီး နေ့စဉ်နှင့်အမျှ ဈေးနှုန်းပြောင်း လဲမှုရှိကြောင်း ဈေးကွက်မှ သိရသည်။

 

မြင့်မြင့်သန်း (ပခုက္ကူ)