စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့ နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး စိုက်ပျိုးတောင်သူများ သည် ပဲမျိုးစုံနှင့် ပြောင်းတို့ကို စိုက်ပျိုးကြောင်းသိရသည်။
မတ်ပဲ၊ ပဲတီစိမ်း
၂၀၂၅ ခုနှစ် သြဂုတ်လ စတုတ္ထပတ်အတွင်း ဈေး နှုန်းများမှာ မတ်ပဲရိုးရိုး တစ်တင်းလျှင် ကျပ် ၇၇၀ဝ၀၊ မတ်ပဲ မျက်ကွင်းဖြူ တစ်တင်းလျှင် ကျပ် ၈၁၀ဝ၀၊ ပဲတီ စိမ်းရိုးရိုးတစ်တင်းလျှင် ကျပ် ၇၇၅၀ဝ၊ ပဲတီစိမ်းထွက်တိုး တစ်တင်းလျှင် ကျပ် ၈၂၅၀ဝ တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။
ကုလားပဲ
သြဂုတ်လ စတုတ္ထပတ်အတွင်း ကုလားပဲထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၇၁၅၀ဝ၊ (၉၂၉)တစ်တင်းလျှင် ကျပ် ၇၄၅၀ဝ၊ (V2) တစ်တင်းလျှင် ကျပ် ၇၇၀ဝ၀ နှင့် (V7)တစ်တင်းလျှင် ကျပ် ၇၇၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း ကျွန်းလှမြို့နယ်မှ ထွက်ရှိသော ကုလားပဲ များကို ကန့်ဘလူမြို့နှင့် မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန် စည်ဒိုင်များသို့ တင်ပို့ကြောင်း သိရသည်။
ပဲစင်းငုံ
ကျွန်းလှမြို့နယ်တွင် ပဲစင်းငုံမျိုးအနေဖြင့် အစေ့ အနီရောင်မျိုးနှင့် အစေ့အဖြူရောင်မျိုးတို့ကို စိုက်ပျိုး ကြောင်း၊ ဈေးနှုန်းအနေဖြင့် သြဂုတ်လ စတုတ္ထပတ်အတွင်း ပဲစင်းငုံနီတစ်တင်းလျှင် ကျပ် ၇၃၅၀ဝ၊ ပဲစင်းငုံဖြူ တစ် တင်းလျှင် ကျပ် ၇၁၅၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရသည်။
အစေ့ထုတ်ပြောင်း၊ မြေပဲ
ကျွန်းလှမြို့နယ်၌ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာ တွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးတို့ကို အများ ဆုံးစိုက်ပျိုးကြကြောင်း၊ သြဂုတ်လ စတုတ္ထပတ်အတွင်း အစေ့ထုတ်ပြောင်း တစ်တင်းလျှင် ကျပ် ၂၃၇၀ဝ၊ ပြောင်း အရည်အသွေးညံ့လျှင် ကျပ် ၂၃၀ဝ၀ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ မြေပဲလုံးဆန် တစ်တင်းလျှင် ကျပ် ၁၇၇၀ဝ၀ တို့ဖြင့် ရောင်းချပြီး ဈေးကွက်အတွင်း အစေ့ ထုတ်ပြောင်းဝင်ရောက်မှုနည်းသော်လည်း ပုံမှန်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ဝင်းသန်း (ကျွန်းလှ)