Main menu

Background

ရွှေဘိုမြို့ ပဲဈေးကွက် ဈေးနှုန်းတည်ငြိမ်လျက်ရှိ

Mon, 10/13/2025 - 11:52 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့ဈေးကွက်တွင် စက်တင်ဘာလအတွင်း ပဲမျိုးစုံဈေးနှုန်းများ တည်ငြိမ်လျက်ရှိ ကြောင်း သိရသည်။  ရွှေဘိုမြို့ ဈေးကွက်အတွင်း စက်တင်ဘာ စတုတ္ထအပတ်တွင် ကုလားပဲဆန်ဈေးနှုန်းမှာ တစ်ပြည်လျှင်ကျပ် ၈၁၀ဝ နှင့် တစ်တင်း လျှင် ကျပ် ၁၂၉၆၀ဝ ကုလားပဲလုံး ဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ် ၆၀ဝ၀ နှင့် တစ်တင်းလျှင် ကျပ် ၉၆၀ဝ၀ ၊ စား တော်ပဲဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ် ၉၀ဝ၀ နှင့် တစ်တင်းလျှင် ကျပ် ၁၄၄၀ဝ၀၊ စားတော်ပဲလုံးရေစိမ်ဈေးနှုန်းမှာ တစ်ပြည် လျှင် ကျပ် ၅၀ဝ၀၊ ပုဂံပဲဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ် ၉၅၀ဝ နှင့် တစ်တင်းလျှင် ကျပ် ၁၅၂၀ဝ၀၊ ပဲတီဆံဈေးနှုန်းမှာ တစ်ပြည် လျှင် ကျပ် ၉၅၀ဝ နှင့် တစ်တင်းလျှင် ကျပ် ၁၅၂၀ဝ၀၊  ပဲကျားဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ် ၈၅၀ဝ နှင့် တစ်တင်းလျှင် ကျပ် ၁၃၆၀ဝ၀၊ ပဲနီလေးဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ် ၁၆၅၀ဝ နှင့် တစ်တင်းလျှင် ကျပ် ၂၆၄၀ဝ၀၊ ပဲနီပြားဈေးနှုန်းမှာ တစ်ပြည် လျှင် ကျပ် ၁၁၀ဝ၀ နှင့်တစ်တင်းလျှင် ကျပ် ၁၇၆၀ဝ၀၊ ပဲဖြူပြားဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ် ၈၅၀ဝ နှင့်တစ်တင်းလျှင် ကျပ် ၁၃၆၀ဝ၀ ဖြစ်ကြောင်း သိရှိရပြီး ပဲမျိုးစုံဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း သိရသည်။ 

နှင်းနှင်းခိုင် (ရွှေဘို)