Main menu

Background

မိတ္ထီလာဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ပဲမျိုးစုံ ဈေးနှုန်းဈေးကွက် အခြေအနေ

Mon, 12/01/2025 - 10:51 -- journal_editor

မိတ္ထီလာမြို့  ပဲမျိုးစုံဈေးကွက်တွင် ပြည်တွင်း၊ ပြည်ပ ဝယ်လိုအားရှိသည့် ကုလားပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ ထောပတ်ပဲများကို မိတ္ထီလာမြို့နယ်တွင်းရှိ မြင်းတဲ၊ သဖန်း ပင်ရိုး၊ မြေတိုင်ကုန်း၊ အလယ်ရွာ၊ ရေဝေ စသည့် ကျေးရွာများနှင့် သာစည်၊ မလှိုင်မြို့ နယ်များမှလည်း ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိကြောင်း၊ ဒေသတွင်း စားသုံး မှုအတွက် မန္တလေးမှ စားတော်ပဲ၊ ပဲနီလေး၊ ပဲလွမ်းပြာ၊ ပဲလွမ်းဖြူ၊ ပဲဇီးကွက်၊  ပဲနီပြား စသည့်  ပဲများလည်း  ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ပဲမျိုးစုံ၏ အောက်တိုဘာလ စတုတ္ထပတ်ရှိ ဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။ 
ပဲတီစိမ်း
ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၈၅၀ဝ၀-၉၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ယခင်လဈေးအတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး ဈေးကွက်အနေဖြင့် မန္တလေး သို့ အိတ် ၅၀ဝ ခန့် တင်ပို့နိုင်ကြောင်း သိရသည်။ 
မြေပဲဆန်
မြေပဲဆန်တစ်ပိဿာလျှင် ကျပ် ၈၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့် နှိုင်းယှဉ်လျှင် မြေပဲဆန်တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ ခန့်ဈေးနှုန်းမြင့် တက်လာပြီး ဒေသတွင်း ဆီကြိတ်စက်များအပြင် ရန်ကုန်၊ မန္တလေးသို့ တင်ပို့ရောင်း ချကြကြောင်း သိရသည်။
ကုလားပဲ
ကုလားပဲV2 တစ်တင်းလျှင် ကျပ် ၈၁၀ဝ၀၊ ၉၂၉ တစ်တင်းလျှင် ကျပ် ၇၇၀ဝ၀ ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လအတိုင်း  ဈေးနှုန်းတည်ငြိမ်နေပြီး ဒေသ တွင်းပဲခွဲစက်များနှင့် တောင်သူများမှ မျိုးဝယ်ယူသည့်အချိန်ဖြစ်၍ တစ်ရက်လျှင် အိတ် ၂၀-၃၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ပဲဇီးကွက်၊ ပဲလွမ်းဖြူ၊ ပဲလွမ်းပြာ
ပဲဇီးကွက်၊ပဲလွန်းဖြူ နှင့်ပဲလွမ်းပြာ ဈေးနှုန်းများမှာ ပဲဇီးကွက် တစ်ပြည်လျှင် ကျပ် ၆၂၀ဝ တစ်တင်းလျှင် ကျပ် ၉၅၀ဝ၀၊ ပဲလွမ်းဖြူ တစ်ပြည်လျှင် ကျပ်  ၅၀ဝ၀  တစ်တင်းလျှင် ကျပ် ၇၅၀ဝ၀၊ ပဲလွမ်းပြာ တစ်ပြည်လျှင် ကျပ်   ၄၂၀ဝ တစ်တင်းလျှင် ကျပ် ၆၀ဝ၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။
ထောပတ်ပဲ
ထောပတ်ပဲဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ် ၅၀ဝ၀ တစ်တင်းလျှင် ကျပ် ၇၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်လနှင့်ကာလတူ နှိုင်းယှဉ်လျှင် ထော ပတ်ပဲတစ်တင်းလျှင်ကျပ် ၁၀ဝ၀ဝ ခန့် ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။
ပဲနီလေး
ပဲနီလေးတစ်ပိဿာလျှင် ကျပ် ၉၅၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင်လနှင့်နှိုင်းယှဉ်လျှင် ယခင်လနှင့်ကာလတူ နှိုင်းယှဉ်လျှင် ပဲနီလေးတစ်ပိဿာ လျှင် ကျပ် ၁၅၀ဝ ခန့် ဈေးနှုန်းကျဆင်းလာပြီး အရောင်းအဝယ် အေးနေကြောင်း သိရသည်။
စားတော်ပဲနှင့် ပဲနီပြား
စားတော်ပဲတစ်ပြည်လျှင် ကျပ် ၁၀ဝ၀ဝ၊ ပဲနီပြား တစ်ပြည်လျှင် ကျပ် ၇၀ဝ၀၊ တစ်တင်းလျှင် ကျပ် ၁၁၀ဝ၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင်လနှင့် နှိုင်းယှဉ်လျှင် စားတော်ပဲ တစ်ပြည်လျှင် ကျပ် ၂၀ဝ၀၊ ပဲနီပြား တစ်ပြည်လျှင် ကျပ် ၂၀ဝ၀ ၊ တစ်တင်းလျှင်ကျပ် ၁၅၀ဝ၀ ခန့် ဈေးနှုန်းကျဆင်းလာကြောင်း၊ စားတော်ပဲ ကို စားသောက်ဆိုင်များနှင့် ပဲပြုတ်ရောင်းချသူများမှ အများဆုံးဝယ်ယူကြကြောင်း သိရသည်။                                                                      

မြို့ရီ ( MDY -DOCA )