ပြည်ခရိုင် ပြည်မြို့၏ဈေးကွက်များ၌ အောက်တိုဘာ နောက်ဆုံးပတ်တွင် နှမ်းဈေးများ၊ နှမ်းနီနှင့် နှမ်းနက်ဈေးများ ဆက်လက် ငြိမ်နေပြီး စမုန်နက်နှမ်းတစ်မျိုးသာ ဈေးမြင့်တက် လာခဲ့သည်။ ယခုအချိန်တွင် ပြည်ခရိုင်၌ မိုးနှမ်းများ ဝင် ရောက်မှုမှာလည်း နည်းသွားပြီး တစ်ခါဝင်လျှင် အိတ် ၂၀-၃၀ ခန့်သာရှိသည်ဟု သိရသည်။ နှမ်းနီကို ဆီစက်သမားများက သာ ဆီကြိတ်ရန်လှောင်ထားပြီး ဆီလိုအပ်ချက်ရှိလျှင် ထုတ် ၍ ဆီကြိတ်ကြသည်။ စမုန်နက်နှမ်းကို ပြည်ပသို့ တင်ပို့ရန်သာ အသုံးရှိပြီး နှမ်းဆီကို စားသုံးမှုနည်းသဖြင့် ဆီစက်များက လည်း မြေပဲဆီကို ဦးစား ပေး၍ကြိတ်ခွဲကြသည်။ နှမ်းဆီမှာ ဆေးဖက်ဝင်သော်လည်း အရသာမှာ ခါးသက်သက်ရှိ၍ စား သုံးသူများကြိုက်နှစ်သက်မှုမရှိ၍ ဆီစက်များကလည်း နှမ်းဆီ ကို အနည်းငယ်သာ ကြိတ်ခွဲထုတ်လုပ်ကြသည်။ အောက်တို ဘာလ နောက်ဆုံးပတ်တွင် နှမ်းဈေးနှုန်းများအနေဖြင့် နှမ်းနီ တစ်တင်းလျှင် ကျပ် ၁၁၀ဝ၀ဝ၊ နှမ်းနက်တစ်တင်းလျှင် ကျပ် ၂၀ဝ၀ဝ၀ နှင့် စမုန်နက်နှမ်း တစ်တင်းလျှင် ကျပ် ၂၃၀ဝ၀ဝ ဖြင့် ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ နှမ်းဆီဈေးမှာလည်း နှမ်းဦးဆီ တစ်ပိဿာလျှင် ကျပ် ၁၆၀ဝ၀ ဈေးရှိကြောင်း သိရသည်။
ပြည်ခရိုင်တွင် ယခုအချိန်တွင် မြေပဲများစိုက်ပျိုးနေချိန် ဖြစ်ပြီး တစ်ဧကခန့်မှန်းကုန်ကျစရိတ် ကျပ်ခြောက်သိန်းကျော် ကုန်ကျမည်ဖြစ်သည်။ ပြည်ဈေးကွက်သို့ မြေပဲဆန်စီးဆင်းမှု မှာ မိုးမြေပဲများကို ကံမ၊ မြန်အောင်၊ ကြံခင်းနှင့် ပေါက်ခေါင်း ဘက်မှ ရက်ခြားဝင်ရောက်မှုရှိပြီး ဝင်ရောက်သည့်ရက်တွင် အိတ် ၅၀ဝ ခန့် ဝင်ရောက်သည်ဟုသိရသည်။
ပြည်ပွဲရုံရှိ မြေပဲဆန်များကို ဒေသတွင်း ဆီစက်များနှင့် ပဲလှော်၊ ပဲကြော်သမားများက ဝယ်ယူမှုရှိပြီး မန္တလေးတိုင်း ဒေသကြီးသို့လည်း တင်ပို့ ရောင်းချကြောင်း သိရသည်။ ဈေး နှုန်းအနေဖြင့် ယခုအောက်တိုဘာလ နောက်ဆုံးပတ်တွင် မြေပဲဆီဆန် (အဖြူ) တစ်ပိဿာလျှင် ကျပ် ၇၂၀ဝ၊ (အနီ)တစ် ပိဿာလျှင် ကျပ် ၇၂၀ဝ၊ ရွေးဆန်(အဖြူ) တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ၊ (အနီ) တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ နှင့် လုံးဆန် (အဖြူ)တစ်ပိဿာလျှင် ကျပ် ၇၈၀ဝ၊ (အနီ)တစ် ပိဿာလျှင် ကျပ် ၇၈၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ စက် တင် ဘာလနှင့်ယှဉ်လျှင် ဈေးအနည်းငယ် ကျဆင်းလာကြောင်း သိရသည်။ မြေပဲဆီဈေးမှာလည်း တစ်ပိဿာလျှင် ကျပ် ၁၆၀ဝ၀ ဖြင့် ပြည်ဈေးကွက်တွင် အရောင်းအဝယ် ဖြစ်လျက် ရှိသည်။
မြေပဲကိုလူမျိုးမရွေး၊ ဘာသာမရွေးသုံးစွဲနိုင်ပြီး အရည် အသွေးမီ မျိုးကောင်းမျိုးသန့်များကို စနစ်တကျရွေးချယ်စိုက် ပျိုးမည်ဆိုပါက ပြည်တွင်းတွင် စားသုံးဆီ ဖူလုံမည့်အပြင် ပြည်ပဈေးကွက်သို့လည်း အရည်အသွေးကောင်းမြေပဲဆန် များကို တင်ပို့ရောင်းချနိုင်ပြီး နိုင်ငံခြားဝင်ငွေများလည်း ရရှိ လာနိုင်မည်ဖြစ်သည်။
ဝေဝေမင်း (ပြည်)
