Main menu

Background

ပခုက္ကူဈေးကွက်၌ ပဲတီစိမ်းသီးနှံ အရောင်းအဝယ်ဖြစ်နေ

Mon, 12/01/2025 - 11:01 -- journal_editor

မကွေးတိုင်းဒေသကြီး    ပခုက္ကူ ခရိုင်အတွင်းရှိ  ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြိုနှင့်  ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသခံ ပြည်သူများ သည်  လယ်ယာစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြပြီး  သီးနှံမျိုးစုံ  စိုက်ပျိုးရာမှ ပဲတီစိမ်းသီးနှံကိုလည်း မိုးဆောင်း နှစ် ရာသီ စိုက်ပျိုးကြရာ မိုးပဲတီစိမ်းကို စိုက် ဧက  နှစ်သောင်းခန့် စိုက်ပျိုးကြောင်း သိရှိရသည်။ 
မိုးပဲတီစိမ်းကို မတ်လတွင် စတင် စိုက်ပျိုးပြီး ဇွန်၊  ဇူလိုင်လတွင် သီးနှံ စတင်ထွက်ပေါ်ကြောင်း   ပဲတီစိမ်းမြ ကြေးမှုံ၊ကျောက်စိမ်း၊ပဲတီစိမ်း ပဲနောက် သေးမျိုးများကို   စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင်  မြေပြုပြင်ပြီး နွားရှဉ်း ဖြင့်  ထွန်ကျောင်းဆွဲပြီး အစေ့ချစနစ် ဖြင့် ပင်ကြား ငါးလက်မတန်းခြား တစ် ပေအကွာဖြင့် စိုက်ပျိုးကြပြီး တစ်ဧက လျှင်   မျိုးစေ့  လေးပြည်ခန့်  ကုန်ကျ ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျ စရိတ်မှာ  တစ်ဧကလျှင် စုစုပေါင်းငွေ ကျပ်  ခုနစ်သိန်းခန့်  ကုန်ကျကြောင်း တစ်ဧက ပျမ်းမျှအထွက်တင်းမှာ ၁၀-၁၅ တင်းခန့် ထွက်ရှိပြီး စိုက်ပျိုးမြေနှင့် ရာသီဥတုပေါ်မူတည်၍ သီးနှံအထွက်  နှုန်း ကွာခြားမှုရှိကြောင်း သိရှိရသည်။ 
အောက်တိုဘာလ   ပထမပတ် တွင် ပခုက္ကူပဲမျိုးစုံဈေးကွက်၌ ပဲတီစိမ်း  သီးနှံများ  လှိုင်လှိုင်ဝင်ရောက်လျက်ရှိ ပြီး   ဈေးအနည်းငယ်   ကျဆင်းနေ ကြောင်း၊ တစ်ရက်လျှင်  ပဲတီစိမ်းသေး ပိဿာ ၃၀ ဝင် အိတ် ၃၀ဝ-၃၅၀ ခန့် ဝင်ရောက်ပြီး   ရေစကြိုမြို့ နယ်ထွက် ပဲတီစိမ်းများ  အများဆုံး  ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း    သိရ သည်။ ဈေးနှုန်းအနေဖြင့်  သီးနှံပေါ်စ ဇွန်လတွင် ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၁၂၀ဝ၀ဝ-၁၃၂၀ဝ၀ဈေးဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး ဇူလိုင်လတွင် ပဲတီစိမ်း တစ်တင်းလျှင်      ကျပ် ၁၀ဝ၀ဝ၀-၁၃၀ဝ၀ဝ ဈေးဖြင့် ဈေးအနည်းငယ်ကျ ဆင်း  အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊  စက်တင်ဘာလဒုတိယပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင် ကျပ် ၇၅၀ဝ၀-၁၂၀ဝ၀ဝ ဖြစ်ခဲ့ပြီး  အောက်တိုဘာလ စတုတ္ထပတ် တွင်   ပဲတီစိမ်း   တစ်တင်းလျှင်  ကျပ် ၉၅၀ဝ၀-၁၁၄၀ဝ၀ ဈေးဖြင့် ဈေးဆက် လက်ကျဆင်း    အရောင်းအဝယ်ဖြစ် ကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူပွဲရုံ များသို့ ဝင်ရောက်လာသည့် ပဲတီစိမ်း များကို    ဒေသတွင်းဖြန့်ဖြူးမှုအပြင် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့လျက် ရှိပြီး ထိုမှတစ်ဆင့် တရုတ်၊ ဗီယက်နမ် နိုင်ငံများသို့     တင်ပို့လျက်ရှိကြောင်း သိရှိရသည်။

 

လှိုင်ဥမ္မာဦး(ပခုက္ကူ)