မတ်ပဲ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ မြစ်သား မြို့နယ်တွင် ပဲမျိုးစုံသီးနှံဖြစ်သည့် တိုင်ထောင်ပဲ၊ ပဲယဉ်း၊ ပဲကြီး၊ ကုလားပဲ၊ ပဲစင်းငုံ၊ မတ်ပဲ၊ ထောပတ်ပဲ သီးနှံများကို စိုက်ပျိုးကြသည်။ အောက်တိုဘာ လဆန်းမှစတင်၍ မတ်ပဲသီးနှံများ စတင်စိုက်ပျိုးလျက်ရှိရာ အများဆုံးစိုက် ပျိုးသော ရွာများမှာ ပခမ်း၊ ခင်လည်၊ မိုးကောင်း၊ ရိုးကန်၊ ရစ်ကန်၊ တောင် တွင်းနှင့် တောင်ခြေကုန်းရွာ များတွင် အများဆုံးစိုက်ပျိုးကြသည်။ စိုက်ပျိုး ပြီး လေးလအကြာတွင် ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။
မတ်ပဲစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ခြောက်ပြည်ခန့် ကုန်ကျကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း ကျပ် ၅၅၀ဝ၀ဝ ခန့် ကုန်ကျကြောင်း၊ မတ်ပဲသီးနှံကို ထယ်ထိုးပြီး မျိုးစေ့ပတ်၊ ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြောင်းသိရသည်။ ယခင်နှစ် မတ်ပဲ ဈေးနှုန်းမှာ တစ်တင်း လျှင် ကျပ် ၈၀ဝ၀ဝ ဖြစ်ပြီး ကုန်ကျစရိတ်နုတ်ပြီးပါ က ကျပ် ၆၅၀ဝ၀ဝ မြတ်ကြောင်း သိရသည်။
နိုဝင်ဘာလစတုတ္ထပတ်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၁၁၂၀ဝ၀ ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။
ထောပတ်ပဲ
ထောပတ်ပဲစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ၄-၅ ပြည်ခန့် ကုန်ကျ ကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း ကျပ် ၂၀ဝ၀ဝ၀ ခန့် ကုန်ကျကြောင်း၊ ထောပတ်ပဲ သီးနှံကို ထယ်ထိုးပြီး မျိုးစေ့ပတ်၊ ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြောင်း သိရ သည်။ အများဆုံး စိုက်ပျိုးသောမျိုးများမှာ ပင်ထောင်မျိုးနှင့် ပင်ပြန့်မျိုးများ ကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခင်နှစ် ထောပတ် ပဲပေါ်ချိန်တွင် အထွက်နှုန်းအနေဖြင့် ၁၀-၁၂ တင်း ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ် ထောပတ် ပဲဈေးနှုန်းအနေဖြင့် တစ်တင်းလျှင်ကျပ် ၉၀ဝ၀ဝ ဖြင့် ရောင်းဝယ်ခဲ့ကြောင်း၊ ကုန်ကျစရိတ်နုတ်ပြီးပါက ကျပ် ၇၀ဝ၀ဝ၀ ခန့် မြတ်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလစတုတ္ထပတ်တွင် ထောပတ်ပဲပေါက်ဈေးအနေဖြင့် တစ် တင်းလျှင် ကျပ် ၆၄၀ဝ၀ ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။
ပဲယဉ်း
ပဲယဉ်းစိုက်ပျိုးရာတွင် မျိုးအနေဖြင့် နှစ်ပြည်ခန့် ကုန်ကျကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း ကျပ် ၁၅၀ဝ၀ဝ ခန့် ကုန်ကျကြောင်း ၊ ပဲယဉ်းသီးနှံကို ထယ်ထိုးပြီး မျိုးစေ့ပတ်၊ ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြောင်း သိရသည်။ စိုက်ပျိုးသော မျိုးများမှာ ပဲယဉ်းကြီးမျိုးနှင့် ပဲယဉ်းသေးမျိုးများကိုသာ စိုက်ပျိုးကြကြောင်း၊ ယခင်နှစ် ပဲယဉ်းပေါ်ချိန်တွင် အထွက်နှုန်းအနေဖြင့် ၂၅-၃၀ တင်း ထွက်ရှိ ခဲ့ကြောင်း၊ ယခင်နှစ် ပဲယဉ်းဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ကျပ် ၄၅၀ဝ၀ ဖြင့် ရောင်းဝယ်ခဲ့ကြောင်း၊ ကုန်ကျစရိတ် နုတ်ပြီးပါက ကျပ် ၉၇၅၀ဝ၀ ခန့် မြတ်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာစတုတ္ထပတ်တွင် ပဲယဉ်းပေါက်ဈေးအနေဖြင့် တစ်တင်း လျှင် ကျပ် ၈၃၀ဝ၀ ခန့် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။
ဖော်ပြပါပဲဈေးနှုန်းများဖြင့် လက်ကျန်ပဲများကိုသာ ရောင်းဝယ်လျက် ရှိပြီး ဆောင်းပဲသီနှံများပေါ်ချိန်တွင် ဈေးကောင်းရရန် တောင်သူများ မျှော်လင့်လျက်ရှိကြောင်း သိရသည်။
မော်မော်အောင်
(MDYDOCA)
