Main menu

Background

နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ပခုက္ကူပဲဈေးကွက် အခြေအနေ

Wed, 12/03/2025 - 10:17 -- journal_editor

ပဲစင်းငုံ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပခုက္ကူဈေးကွက်၌ နိုဝင်ဘာလ  စတုတ္ထပတ်တွင်  ပဲစင်းငုံသီးနှံများ ဈေးကျနေ ကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ် သီးနှံပေါ်စဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ် ၁၂၆၅၀ဝ-၁၂၂၀ဝ၀ ဈေးဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး နိုဝင်ဘာလ ပထမပတ်တွင် တစ်တင်းလျှင် ကျပ် ၈၁၄၀ဝ၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် တစ်တင်းလျှင် ကျပ် ၇၉၆၀ဝ သို့ဈေးကျသွားသည်။တစ်ရက်လျှင် ပဲစင်းငုံနီ ပိဿာ ၃၀ ဝင်အိတ် ၅၀-၂၀ဝခန့် အရောင်းအဝယ်ဖြစ် ကြောင်း သိရှိရသည်။
မတ်ပဲ
မတ်ပဲဈေးနှုန်းမှာ နိုဝင်ဘာလ စတုတ္ထပတ်တွင် တစ် တင်းလျှင် ကျပ် ၇၅၀ဝ၀ ဈေးရှိပြီး နိုဝင်ဘာလ ဒုတိယပတ်တွင် တစ်တင်းလျှင် ကျပ် ၇၄၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ ၍တစ်တင်းလျှင် ကျပ် ၅၀ဝ ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း သိရှိရသည်။ မတ်ပဲသီးနှံသည် ပြည်တွင်းစားသုံးမှုနည်းသော် လည်း ပြည်ပနိုင်ငံများမှ ဝယ်လိုအားကောင်းသော သီးနှံ တစ်မျိုးဖြစ်၍ ဈေးကွက်ခိုင်မာမှုရှိကြောင်း၊ ပြည်ပဈေးကွက် အပေါ်မူတည်၍ ဈေးနှုန်းအနိမ့်အမြင့်ရှိကြောင်း ပဲဈေးကွက် မှ သိရှိရသည်။
ကုလားပဲ 
၂၀၂၅ခုနှစ် နိုဝင်ဘာလပထမပတ်တွင် ကုလားပဲမျိုးစုံ ဈေးနှုန်းအနေဖြင့် ကုလားပဲ(ဠ၆) တစ်တင်းလျှင်  ကျပ် ၇၄၀ဝ၀၊  ကုလားပဲ(၉၂၉) တစ်တင်းလျှင် ကျပ် ၇၉၃၀ဝ၊ နိုဝင် ဘာလ စတုတ္ထပတ်တွင် တစ်တင်းလျှင် ကျပ် ၈၀ဝ၀ဝ ဖြစ်ပြီး ဈေးတက်နေကြောင်းသိရှိ ရသည်။ 
ပွဲရုံဈေးကွက်တွင် နေ့စဉ်ပိဿာ ၂၀ ဝင် အိတ် ၁၅၀ဝ မှ ၁၇၀ဝ ခန့်ထိ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူပွဲရုံဈေး ကွက်သို့ ဝင်ရောက်သည့် ကုလားပဲများကို တန်ဖိုးမြှင့်   ထုတ် ကုန်အမျိုးမျိုး ထုတ်လုပ်လျက်ရှိသော မြို့ပေါ်ရှိ ပဲခွဲစက်လုပ် ငန်းရှင်များ၊ ပဲကြော်/ပဲမုန့် (အစိမ်း/အကျက်)ထုတ်လုပ် သော လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ကုလားပဲခြမ်း များလည်း တစ်ပြည်လျှင် ကျပ် ၇၀ဝ၀ ဈေးဖြင့် အရောင်း အဝယ်ဖြစ်ကြောင်း၊ ဒေသတွင်းဝယ်ယူသုံးစွဲမှုအပြင် ရန်ကုန်၊ မန္တလေးဈေးကွက်သို့  အများဆုံးတင်ပို့ကြောင်း၊ ကုလားပဲ သီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး ပြည်တွင်းစားသုံးမှု များ၍ ယခုအချိန်တွင် ရောင်းလိုအား   ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်  သွက်လျက်ရှိကြောင်း မြို့ပေါ်ရှိ ပဲရောင်း ဝယ်ရေး လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရသည်။

လှိုင်ဥမ္မာဦး (ပခုက္ကူ)