စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသ တစ်ခုဖြစ်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ပဲမျိုးစုံသီးနှံ၏ ဒီဇင်ဘာလ စတုတ္ထပတ်ဈေးနှုန်းများကို စုစုည်းဖော်ပြလိုက်ပါသည်။
ကုလားပဲ
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့ နယ်၌ ကုလားပဲ(ထိုင်ဝမ်) တစ်တင်းလျှင် ကျပ် ၆၇၅၀ဝ၊ (၉၂၉)တစ်တင်း လျှင် ကျပ် ၇၁၅၀ဝ၊ (ဠ၂)တစ်တင်းလျှင် ကျပ် ၇၃၀ဝ၀ နှင့် (ဠ၇)တစ် တင်းလျှင် ကျပ် ၇၂၀ဝ၀ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိရာ ဒီဇင်ဘာလ တတိယပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တစ် တင်းလျှင် ကျပ် ၅၀ဝ ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်းသိရသည်။
ထောပတ်ပဲ
ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ထောပတ်ပဲတစ်တင်းလျှင် ကျပ် ၁၂၃၀ဝ၀၊ အကွဲအနာပါတစ်တင်းလျှင် ကျပ် ၁၂၂၅၀ဝ ဈေး နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ တတိယပတ် ဈေးနှုန်းများ နှင့်နှိုင်းယှဉ်ပါက ထောပတ်ပဲဖြူတစ်တင်းလျှင် ကျပ် ၈၀ဝ၀ ဈေးနှုန်း ကျဆင်းသွားကြောင်း သိရသည်။
အစေ့ထုတ်ပြောင်း
အစေ့ထုတ်ပြောင်း တစ်တင်းလျှင် ကျပ် ၂၃၂၀ဝ၊ ပြောင်း အရည်အသွေးညံ့လျှင် ကျပ် ၂၃၀ဝ၀ ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ တတိယပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက အစေ့ထုတ်ပြောင်းတစ်တင်းလျှင် ကျပ် ၃၀ဝ ဈေးနှုန်းကျဆင်းသွား ကြောင်း ဒေသတွင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။
ပဲစင်းငုံ
ပဲစင်းငုံနီတစ်တင်းလျှင် ကျပ် ၇၀ဝ၀ဝ၊ ပဲစင်းငုံဖြူတစ်တင်းလျှင် ကျပ် ၆၇၀ဝ၀ နှင့် အောက်စတစ်တင်းလျှင် ကျပ် ၆၆၅၀ဝ ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ တတိယပတ် ဈေးနှုန်းများ နှင့် နှိုင်းယှဉ်ပါက ပဲစင်းငုံနီတစ်တင်းလျှင် ကျပ် ၂၀ဝ၀ နှင့် ပဲစင်းငုံ ဖြူတစ်တင်းလျှင် ကျပ် ၁၀ဝ၀ ဈေးနှုန်းပြန်လည်မြင့်တက်လာ ကြောင်း သိရသည်။
စွန်တာနီ
စွန်တာနီ(ပဲနီ)တစ်တင်းလျှင် ကျပ် ၉၅၀ဝ၀၊ အကွဲအနာပါ တစ်တင်းလျှင် ကျပ် ၉၄၅၀ဝ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိရာ တတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက စွန်တာနီ (ပဲနီ)တစ်တင်းလျှင် ကျပ် ၅၀ဝ၀ ဈေးနှုန်းမြင့်တက်လာ ကြောင်းသိရသည်။
ဆီနေကြာ
ဆီနေကြာတစ်တင်းလျှင် ကျပ် ၅၄၅၀ဝ၊ နေကြာညံ့လျှင် ကျပ် ၅၄၀ဝ၀ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဒီဇင်ဘာလ တတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဆီနေကြာ တစ်တင်းလျှင် ကျပ် ၅၀ဝ ဈေးနှုန်းကျဆင်းသွားကြောင်းသိရသည်။
ပဲဇီးကွက်
ပဲဇီးကွက်တစ်တင်းလျှင် ကျပ် ၉၄၀ဝ၀၊ အကွဲအနာပါလျှင် ကျပ်၉၃၅၀ဝ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ တတိယ ပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ပဲဇီးကွက် တစ်တင်းလျှင် ကျပ် ၄၀ဝ၀ ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။
ပဲတီစိမ်း
ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် ကျပ် ၇၆၀ဝ၀၊ ပဲတီစိမ်းထွက်တိုး တစ်တင်းလျှင် ကျပ် ၈၂၅၀ဝ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိရာ တတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်းရိုးရိုး တစ်တင်းလျှင် ကျပ် ၈၀ဝ၀ နှင့် ထွက်တိုး တစ်တင်းလျှင် ကျပ် ၉၀ဝ၀ ဈေးနှုန်း မြင့်တက်လာကြောင်း သိရသည်။
ပဲလွမ်းဖြူ
ပဲလွမ်းဖြူတစ်တင်းလျှင် ကျပ် ၉၈၀ဝ၀၊ အကွဲအနာပါ တစ် တင်းလျှင် ကျပ် ၉၇၅၀ဝ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိရာ တတိယပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပဲလွမ်းဖြူသီးနှံ တစ် တင်းလျှင် ကျပ် ၁၀ဝ၀ ဈေးနှုန်းမြင့်တက်လာကြောင်း သိရ သည်။
မတ်ပဲ
မတ်ပဲရိုးရိုးတစ်တင်းလျှင် ကျပ် ၆၃၀ဝ၀၊ မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် ကျပ် ၆၇၅၀ဝ နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ တတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက မတ်ပဲရိုးရိုးတစ်တင်းလျှင် ကျပ် ၇၀ဝ၀ နှင့် မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် ကျပ် ၅၀ဝ၀ ဈေးနှုန်းကျ ဆင်းသွားကြောင်း သိရသည်။
မြေပဲဆန်
ကန့်ဘလူမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း အရောင်းအဝယ်ဖြစ်နေသည့် မြေပဲလုံးဆန်များကို ဒေသတွင်းရှိ စိုက်ပျိုးသူများထံမှလည်းကောင်း၊ မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှလည်း ကောင်း ဝင်ရောက်လျက်ရှိရာ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း မြေ ပဲလုံးဆန်တစ်ပိဿာလျှင် ကျပ် ၆၈၅၀နှင့် ၂၅ ပိဿာ တစ်အိတ်လျှင် ကျပ် ၁၇၁၂၅၀ ဈေးနှုန်းဖြင့်လည်းကောင်း၊ မြေပဲအတောင့်တစ်တင်း လျှင် ကျပ် ၂၈၀ဝ၀ ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်တစ်ပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုစတုတ္ထပတ်အတွင်း မြေပဲလုံးဆန်ဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း လုပ်ငန်းရှင် များထံမှ သိရှိရသည်။
နှမ်း
နှမ်းနက်(စမုန်)တစ်တင်းလျှင် ကျပ်၂၂၅၀ဝ၀၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် ကျပ် ၇၇၀ဝ၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိရာ တတိယပတ် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက် တစ်တင်းလျှင် ကျပ် ၈၀ဝ၀ ဈေးနှုန်းကျဆင်းသွားကြောင်း ဒေသတွင် း သီးနှံပွဲရုံများ ထံမှ သိရသည်။
ဝင်းသန်း (ကျွန်းလှ)
