Main menu

Background

ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင် ပဲ၊ နှမ်းဈေးနှုန်း

Tue, 01/06/2026 - 10:46 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ  ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆန် ကျပ် ၈၂၀ဝ ခန့်၊ မြေပဲဆီဆန် တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀ ခန့်ရှိသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ကျပ် ၂၈၀ဝ၀ဝ ခန့်ရှိသည်။ 
နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ကျပ် ၆၆၀ဝ၀ဝ ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန်ညင်း ဈေးကွက်မရှိပါ၊ ပဲပုပ် ၂၀၂၅ အတွက် တန်ချိန် ၁၈၀ဝ၀ ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့သည်။ ယခင်တစ်ပတ်တွင် မြေပဲ တစ်ပိဿာလျှင် မြေပဲလုံးဆန် ကျပ် ၈၄၀ဝ ခန့်ရှိရာမှ ယခုတစ်ပတ်တွင် ကျပ် ၈၂၀ဝ ၊ မြေပဲဆီဆန်တစ်ပိဿာလျှင် ကျပ် ၇၈၀ဝ ရှိရာမှ ယခုတစ်ပတ်တွင် ၈၀ဝ၀ ကျပ်ခန့်၊ ပဲပုပ် ၂၀၂၅ ခုနှစ်အတွက် တန်ချိန်  ၁၇၅၀ဝ ရှိရာမှ ယခုတစ်ပတ်တွင် တန်ချိန်  ၁၈၀ဝ၀ ရှိမည်ဟု ခန့်မှန်းကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ သိရသည်။  
      

 

 စောသန္တာသောင်းDOCA (ရန်ကုန်)