ရွှေဘိုမြို့ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ဇန်နဝါရီ စတုတ္ထပတ် ဈေးနှုန်း များကို စုစည်းဖော်ပြလိုက်ပါသည်။
ရွှေဘိုမြို့ဈေးကွက်အတွင်း ဇန်နဝါရီလ စတုတ္ထပတ်တွင် ရောင်းချသည့် ကုလားပဲဆန်ဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ် ၈၀ဝ၀ နှင့် တစ်တင်းလျှင် ကျပ် ၁၂၈၀ဝ၀ ဖြစ်ပြီး အရောင်းအဝယ် ပုံမှန်ရှိနေသည်။
ကုလားပဲဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ် ၆၀ဝ၀နှင့် တစ်တင်းလျှင် ကျပ် ၉၆၀ဝ၀ ဖြစ်သည်။ စားတော်ပဲဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ် ၇၅၀ဝ နှင့် တစ် တင်းလျှင် ကျပ်၁၂၀ဝ၀ဝဖြစ်သည်။ စားတော်ပဲရေစိမ်ဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ် ၄၀ဝ၀ ဖြစ်သည်။
ဇန်နဝါရီလစတုတ္ထပတ်တွင် ဒေသထွက် ပဲကျားအသစ်များ စတင် ဝင်ရောက် လျက်ရှိပြီး ဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ် ၉၅၀ဝ နှင့် တစ်တင်းလျှင် ကျပ် ၁၅၂၀ဝ၀ ဖြစ်သည်။ ထို့အပြင် ပုဂံပဲအသစ်များလည်း စတင်ဝင်ရောက်လျက်ရှိပြီး ဇန်နဝါရီလစတုတ္ထပတ်တွင် ရောင်းချသည့် ပုဂံပဲအသစ်ဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ် ၉၅၀ဝ နှင့် တစ်တင်းလျှင် ကျပ် ၁၅၂၀ဝ၀ ဖြစ်သည်။
ဒီဇင်ဘာလကုန်ပတ်မှစတင်၍ ပဲလွမ်းပြာအသစ်များ စတင်ဝင်ရောက်ခဲ့ပြီး ဇန်နဝါရီလ စတုတ္ထပတ်တွင် ရောင်းချသည့် ပဲလွမ်းပြာဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ် ၅၆၀ဝ နှင့် တစ်တင်းလျှင် ကျပ် ၈၉၆၀ဝဖြစ်သည်။
အလားတူ နိုဝင်ဘာလကုန်မှ စတင်၍ ရွှေဘိုဈေးကွက်သို့ ပဲလွမ်းဖြူ ဝင်ရောက်ခဲ့ပြီး ဇန်နဝါရီလ စတုတ္ထပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲလွမ်းဖြူ တစ်ပြည်လျှင် ကျပ် ၆၀ဝ၀ နှင့် တစ်တင်းလျှင် ကျပ် ၉၆၀ဝ၀ ဖြစ်သည်။
ဇန်နဝါရီ စတုတ္ထပတ်တွင် ဒေသထွက် တရုတ်ပဲကြီးအသစ်များ စတင်ဝင် ရောက်လျက်ရှိပြီး တရုတ်ပဲကြီးအသစ်ဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ် ၁၇၅၀ဝ နှင့် တစ်တင်းလျှင် ကျပ် ၂၈၀ဝ၀ဝ ဖြစ် သည်။ ထို့အပြင် ဒေသထွက်ပဲဖြူပြားအသစ်များ စတင်ဝင်ရောက်ခဲ့ပြီး ပဲဖြူပြားအသစ်ဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ် ၇၀ဝ၀ ဖြစ် သည်။
ပဲဈေးနှုန်းများမှာ ဇန်နဝါရီလအတွင်း ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေကြောင်း သိရသည်။
နှင်းနှင်းခိုင် (ရွှေဘို)
