မတ်ပဲ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်း ရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ် များတွင် စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ကုန်စိမ်းသီးနှံ မျိုးစုံနှင့် သစ်သီးဝလံများကို နှစ်စဉ်စိုက်ပျိုးလျက် ရှိသည်။ သီးနှံမျိုးစုံအနက် မတ်ပဲသီးနှံကို စိုက်ပျိုး ရာတွင် စိုက်ဧက ၄၀ဝ၀ ကျော် စိုက်ပျိုးလျက်ရှိပြီး တစ်ဧက အထွက်နှုန်းအနေဖြင့် ရာသီဥတုအပေါ် မူတည်ပြီး ၁၈ တင်းခန့်ထွက်ရှိကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ၁၅ သိန်းခန့် ကုန်ကျ ကြောင်းနှင့် ရေစကြိုမြို့နယ်တွင် အဓိကစိုက်ပျိုး ကြောင်း သီးနှံစိုက်တောင်သူများထံမှ သိရသည်။
မတ်ပဲဈေးနှုန်းမှာ ဇန်နဝါရီလ စတုတ္ထပတ် တွင် တစ်တင်းလျှင် ကျပ် ၉၂၀ဝ၀ ဖြစ်ပြီး ဖေဖော် ဝါရီလ စတုတ္ထပတ်တွင် ကျပ် ၉၅၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။ မတ်ပဲ ဈေးနှုန်းမြင့်တက်လာပြီး တစ်နေ့လျှင် အိတ်ရေ ၅၀ မှ ၅၀ဝ ထိ အရောင်းအဝယ်ရှိကြောင်းသိရသည်။
ထောပတ်ပဲ
ယခုအချိန်တွင် တောင်သူများတွင် သီးနှံ လက်ကျန်နည်းချိန် ရောက်ရှိပြီး ကုန်သည်ကြီးများ မှ ဝယ်ယူသိုလှောင်ထားရှိသော ကုလားပဲများကို ရောင်းချဖြန့်ဖြူလျက်ရှိကြောင်း သိရသည်။
ဖေဖော်ဝါရီဒုတိယပတ်မှစ၍ ကုန်စည်ဒိုင် သို့ စတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်တင်းလျှင် ကျပ် ၇၀ဝ၀ဝ၊ ဖေဖော်ဝါရီ စတုတ္ထ ပတ်တွင် ထောပတ်ပဲအမျိုးအစားပေါ်မူတည်၍ တစ်တင်းလျှင် ကျပ် ၇၄၀ဝ၀-၈၃၀ဝ၀ ဖြစ်ပြီး ဒုတိယပတ်နှင့် နှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ ခန့် ဈေးတက်လာပြီး နေ့စဉ်ဝင်ရောက် အရောင်းအဝယ်ဖြစ်မှုမှာ အိတ်ရေ ၁၀ဝ မှ ၅၀ဝ ထိ ဝင်ရောက် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ပဲလွမ်းပြာ
ပဲလွမ်းပြာသီးနှံမှာ ဇန်နဝါရီ တတိယပတ် မှစ၍ ဈေးကွက်သို့ စတင်ဝင်ရောက် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး တစ်တင်းလျှင် ကျပ် ၆၅၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ဖေဖော်ဝါရီ စတုတ္ထပတ်တွင် ပဲလွမ်းပြာ တစ်တင်းလျှင် ကျပ် ၆၅၈၀ဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး ဇန်နဝါရီ လဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ် ၈၀ဝ ခန့် ဈေးအနည်းငယ် တက်လာကြောင်း သိရ သည်။ ဈေးကွက်အတွင်း၌ တစ်ရက်လျှင် ပဲလွမ်း ပြာပိဿာ ၃၀ ဝင် အိတ် ၁၀ဝ မှ ၂၀ဝ ထိ အရောင်း အဝယ်ဖြစ်နေကြောင်း သိရ သည်။
ပဲယင်းနီ
ပဲယင်းနီများ ဖေဖော်ဝါရီလပထမပတ်စ၍ ဈေးကွက်အတွင်းသို့ ဝင်ရောက် အရောင်းအဝယ် ဖြစ်နေပြီး တစ်တင်းလျှင် ကျပ် ၆၉၀ဝ၀၊ ဒုတိယ ပတ်တွင် တစ်တင်းလျှင် ကျပ် ၆၉၅၀ဝ ဖြစ်ပြီး စတုတ္ထပတ်တွင် ပဲယင်းနီ တစ်တင်းလျှင် ကျပ် ၇၀၅၀ဝ ဖြစ်၍ ပထမပတ်နှင့် နှိုင်းယှဉ်ပါက တစ် တင်းလျှင် ကျပ် ၁၀ဝ၀ ခန့် ဈေးတက်နေကြောင်းနှင့် အရောင်းအဝယ်ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်ရေ ၅၀ မှ ၁၀ဝ ထိ ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှ သိရ သည်။
ပဲဖတ်
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပခုက္ကူ မြို့တွင် စိုက်ပျိုးရေးထွက်သီးနှံများအပြင် ဒေသ ထွက်ကုန်များစွာလည်း အရောင်းအဝယ်ဖြစ်လျက် ရှိရာ ထုတ်ကုန်များစွာအနက်မှ မြေပဲဆီသန့်ထုတ် လုပ်ရောင်းချမှုကို အဓိကထားလုပ်ကိုင်ကြပြီး ဒေသ အနှံ့အပြားသို့ ရောင်းဝယ်ဖောက်ကားလျက် ရှိရာ ယခုအချိန်တွင် စားသုံးသူများမှ မြေပဲဆီ သုံးစွဲမှုများပြီး ပြည်တွင်းပဲဆီ လိုအပ်ချက်များ မြင့်မားနေသောကြောင့် ဆီစက်များအားလုံးနီးပါး လည်ပတ်လျက်ရှိရာ ဆီကြိတ်ခွဲထုတ်လုပ်ခြင်းမှ ထွက်ရှိသော မြေပဲဖတ်များလည်း ဈေး ကွက်တွင် တွင်တွင်ကျယ်ကျယ် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း ဆီစက်လုပ်ငန်းရှင်များထံမှ သိရသည်။
ဈေးနှုန်းဈေးကွက်အနေဖြင့် ဇန်နဝါရီလ တတိယပတ်တွင် (ဆုံ)ပဲဖတ် တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀ ၊ (စက်)ပဲဖတ် တစ်ပိဿာလျှင် ကျပ် ၆၅၀ဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဖေဖော်ဝါရီ စတုတ္ထပတ်တွင် ဆုံခွေပဲဖတ် တစ်ပိဿာလျှင်ကျပ် ၇၀ဝ၀-၇၂၀ဝ ဖြစ်သည်။ တစ်ပိဿာလျှင်ကျပ် ၂၀ဝ ခန့် ဈေးတက်နေသည်။ ဈေးကွက်အနေဖြင့် ပခုက္ကူဒေသထွက်(ဆုံ) ပဲဖတ်များကို ဒေသတွင်း စားသောက်ကုန် လုပ်ငန်းရှင်များမှ ဝယ်ယူမှုအပြင် (စက်)ပဲဖတ်များကို တိရစ္ဆာန်အစာအဖြစ် မွေးမြူ ရေးလုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသရှိ ငါးမွေးမြူရေးလုပ်ငန်းရှင်များမှလည်း ဝယ်ယူကြောင်း သိရသည်။
ပြည်တွင်းမွေးမြူရေး အစားအစာဈေးကွက် တွင် ပဲဖတ်ဝယ်လိုအားကောင်းခြင်းအပြင် စားသုံး မှုအနေဖြင့် ပခုက္ကူမြို့တွင် မြေပဲဆီထုတ်လုပ်မှုမှ ရရှိသော မြေပဲဖတ်ကို ပြည်တွင်း ငါးမွေးမြူရေး၊ ဝက်မွေးမြူရေးလုပ်ငန်းများမှလည်း တိရစ္ဆာန် အစာများတွင် ရောစပ်အသုံးပြုပြီး စိုက်ပျိုးရေး တောင်သူများမှလည်း သီးနှံစိုက်ခင်းများတွင် သွင်းအားစုအဖြစ် အမှုန့်ကြိတ်ပြီးသုံးစွဲရန် ဝယ် ယူမှုများလျက်ရှိသည်။ မြို့ပေါ်ရှိ ဆီစက်လုပ်ငန်း ရှင်များမှလည်း စက်ကြီးများဖြင့် ဆီပြန်လည် ထုတ်လုပ်ရန်အတွက် ဆုံပဲဖတ်ခွေများကို ပြန် လည်ဝယ်ယူမှုများ၍ ပခုက္ကူဒေသထွက် ပဲဖတ် များ နေ့စဉ် အရောင်းအဝယ်ဖြစ်ကြောင်း ဈေး ကွက်မှ သိရသည်။
လှိုင်ဥမ္မာဦး (ပခုက္ကူ)
