Main menu

Background

ပခုက္ကူကုန်စည်ဒိုင်တွင် ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Thu, 04/09/2026 - 12:04 -- journal_editor

ပခုက္ကူကုန်စည်ဒိုင်တွင် ပဲမျိုးစုံ ပဲစင်းငုံနီ၊ ပဲယင်းနီ၊ ကုလားပဲ(၉၂၉)၊ ကုလားပဲ(ဠ၆) ၊ ကုလားပဲ (ဠ၂)၊ ပြောင်းဖူးစေ့၊ ထောဖြူကျွန်း၊ ပဲဇီးကွက်၊ စွန်တာ(ရိုးရိုး)၊ စွန်တာ(ကသဲ)၊ ပဲလွမ်းပြာ၊ မန်ကျည်းသီး သီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။
ပဲစင်းငုံနီ
မတ်လ ပထမပတ်တွင် ပဲစဉ်းငုံနီ တစ်တင်းလျှင် ကျပ် ၉၈၄၀ဝ ဖြစ်ခဲ့ပြီး ယခုစတုတ္ထပတ်တွင် တစ်တင်းလျှင် ကျပ် ၉၂၆၀ဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဝင်ရောက်မှု ပိုမိုများပြားလာသောကြောင့်  ဈေးနှုန်းကျဆင်းကြောင်းနှင့်  အိတ်ရေ ၈၀ဝ၀ ကျော် အရောင်းအဝယ်ဖြစ်ကြောင်း သိရ သည်။
ကုလားပဲ
မတ်လ ပထမပတ်တွင် ကုလားပဲ(929) တစ်တင်းလျှင် ကျပ် ၇၄၀ဝ၀၊ ကုလားပဲ(ဠ၆) တစ်တင်းလျှင် ကျပ် ၇၁၅၀ဝ၊ ကုလားပဲ (ဠ၂) တစ်တင်းလျှင် ကျပ် ၇၂၀ဝ၀ ဈေးရှိခဲ့ပြီး ယခု မတ်လ (စတုတ္ထပတ်)တွင် ကုလားပဲ(၉၂၉) တစ်တင်းလျှင် ကျပ် ၇၅၀ဝ၀၊ ကုလားပဲ(ဠ၆) တစ်တင်းလျှင် ကျပ် ၇၂၅၀ဝ၊ ကုလားပဲ (ဠ၂) တစ်တင်းလျှင် ကျပ် ၇၃၅၀ဝ ဈေးဖြင့် အနည်း ငယ်သာ ဈေးတက်ပြီး အိတ်ရေ ၁၅၀ဝ ကျော် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။
ထောဖြူ (ကျွန်း)
မတ်လ  ပထမပတ်တွင် ထောဖြူ(ကျွန်း) တစ်တင်းလျှင် ကျပ် ၇၅၂၀ဝ ရှိခဲ့ပြီး ယခု စတုတ္ထပတ်တွင် ကျပ် ၈၃၅၀ဝ ဈေး ရှိပြီး  အဝင်နည်းပါးမှုကြောင့် ဈေးတက်လာကြောင်း သိရ သည်။ ထောဖြူ(ကျွန်း)ပဲသည် စားသုံးမှုနည်းပါးပြီး တင်ပို့မှု အတွက် အဓိကအားထားစိုက်ပျိုးကြောင်းနှင့် အိတ်ရေ ၃၅၀ဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
ပဲဇီးကွက်
ပဲဇီးကွက်သည် အများဆုံးစိုက်ပျိုးသော ပဲအုပ်စုထဲတွင် ပါဝင်ပြီး အထွက်နှုန်း ကောင်းမွန်သောကြောင့် အရောင်း အဝယ်များ စွာဖြစ်လျက်ရှိသည်။ မတ်လ  ပထမပတ်တွင် ပဲဇီး ကွက် တစ်တင်းလျှင် ကျပ် ၉၇၀ဝ၀ ရှိခဲ့ပြီး  စတုတ္ထပတ်တွင် တစ်တင်းလျှင် ကျပ် ၁၀၆၀ဝ၀ ဈေးထိ မြင့်တက်လာသော် လည်း  အိတ်ရေ ၄၀ဝ၀ ကျော် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
စွန်တာနီ
စွန်တာနီ အမျိုးအစားနှစ်မျိုးသာ ပခုက္ကူနယ်ဘက်တွင် စိုက်ပျိုးပြီး စွန်တာ(ရိုးရိုး)မှာ မတ်လ  ပထမပတ်တွင် တစ် တင်းလျှင် ကျပ် ၈၉၀ဝ၀၊ စွန်တာ(ကသဲ)တစ်တင်းလျှင် ကျပ် ၉၅၅၀ဝ ဈေးရှိ ခဲ့ပြီး ယခု စတုတ္ထပတ်တွင် စွန်တာ(ရိုးရိုး)မှာ တစ်တင်းလျှင် ကျပ် ၈၈၅၀ဝ၊ စွန်တာ(ကသဲ)မှာ ပို၍ အရည် အသွေးကောင်းပြီး တစ်တင်းလျှင် ကျပ်  ၁၀၅၀ဝ၀ ဈေးထိ မြင့်တက်ခဲ့ပြီး အိတ်ရေ ၂၀ဝ၀ ကျော ် အရောင်းအဝယ်ဖြစ် ကြောင်း သိရသည်။
ပဲလွမ်းပြာ
ဒေသတွင်း စားသုံးမှုနည်းပြီး  တင်ပို့မှုအတွက်သာ အဓိကထားသော ပဲမျိုးဖြစ်သည်။ မတ်လ ပထမပတ်တွင် ပဲလွမ်းပြာ တစ်တင်းလျှင် ကျပ် ၆၅၀ဝ၀ ဈေးရှိခဲ့ပြီး စတုတ္ထ ပတ်တွင် တစ်တင်းလျှင် ကျပ် ၆၄၂၀ဝ ဖြင့် ဈေးနှုန်းအနည်း ငယ် ကျဆင်းပြီး အိတ်ရေ  ၁၀ဝ၀ ကျော် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။
မန်ကျည်းသီး
ယခုအချိန်တွင် ပခုက္ကူနယ်၌  မန်ကျည်းသီးလှိုင်လှိုင်ပေါ်နေသောအချိန်ဖြစ်၍ ပေါ်ဦးပေါ်စတွင် မန်ကျည်းတောင့် တစ်ပိဿာလျှင် ကျပ် ၃၃၀ဝ၊ မန်ကျည်းသား တစ်ပိဿာလျှင် ကျပ် ၉၀ဝ၀-၉၅၀ဝ၊ မတ်လ စတုတ္ထပတ် တွင် မန်ကျည်းတောင့် တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ ဈေးရှိသည်။ မန်ကျည်းသားမှာ ရန်ကုန်၊ မန္တလေးမြို့များထိ တင်ပို့နေရပြီး တစ်ပိဿာလျှင် ကျပ် ၁၂၀ဝ၀ ဈေးထိရရှိကြောင်း သိရသည်။
ပခုက္ကူကုန်စည်ဒိုင်တွင်  ပဲမျိုးစုံ   သီးနှံများ အရည် အသွေးအလိုက် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန် စည်ဒိုင်မှ သိရသည်။ 

 

စန်းမြင့်ရီ(ပခုက္ကူ)