မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့နယ်အတွင်းရှိ မိကျောင်း ရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့် ကျေးရွာများနှင့် မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့နယ်တို့မှ ထွက်ရှိသော ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ အခြား ပဲမျိုးစုံနှင့် နှမ်း မျိုးစုံတို့ မကွေးဈေးကွက်သို့ ဝင်ရောက်ရောင်းဝယ် ဖောက်ကားလျက်ရှိသည်။
နှမ်း
၂၀၂၆ခုနှစ်၊ မတ်လ တတိယပတ်တွင် နှမ်းနီတစ်တင်းလျှင် ကျပ် ၁၁၅၀ဝ၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၁၅၀ဝ၀ဝ၊ နှမ်းနက်(စမုန်)တစ်တင်း လျှင် ကျပ် ၂၅၀ဝ၀ဝ၊ နှမ်းညိုကျား တစ်တင်းလျှင် ကျပ် ၁၀၂၀ဝ၀ ဖြစ်၍ ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိဘဲ တစ်ပတ်အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ နှမ်းအိတ်ရေ ၁၅၀ဝ တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန် ၇၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ကုလားပဲ
ကုလားပဲ(ူံ) တစ်တင်းလျှင် ကျပ် ၇၅၂၀ဝ၊ ကုလားပဲ(၉၂၉) တစ် တင်းလျှင် ကျပ် ၇၆၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ် နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကုလားပဲ(၉၂၉) ကျပ် ၃၀ဝ ဈေးတက်ခဲ့ကြောင်း၊ အရောင်းအဝယ်အေးနေပြီး လက်ကျန်ပဲများသာ အရောင်းအဝယ်ဖြစ်နေ ကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ အိတ်ရေ ၄၀ဝ၀၊ ပြည် မြို့သို့ အိတ်ရေ ၁၅၀ဝ၊ ရန်ကုန်မြို့သို့ အိတ်ရေ ၁၀ဝ၀ တင်ပို့ခဲ့ပြီး တန်ချိန် အားဖြင့် တန် ၅၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ထောပတ်ပဲ
ထောပတ်ပဲ တစ်တင်းလျှင် ကျပ် ၈၉၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ထောပတ်ပဲ (၉၂၉) ကျပ် ၁၀ဝ၀ ဈေးကျခဲ့ကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့အိတ်ရေ ၅၀ဝ၀ တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန် ၄၀ဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရသည်။
မတ်ပဲ
မတ်ပဲ တစ်တင်းလျှင် ကျပ် ၉၆၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန်မြို့ သို့ အိတ်ရေ ၂၅၀ဝ တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန် ၅၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
စားတော်ပဲ
စားတော်ပဲတစ်တင်းလျှင် ကျပ် ၂၂၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက စားတော်ပဲ ကျပ် ၂၀၅၀ဝ ဈေးတက်ခဲ့ကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ အိတ်ရေ ၁၅၀ဝ တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန် ၁၀ဝ၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။
ရဲမင်းသာ(မကွေး)
