Main menu

Background

ပခုက္ကူကုန်စည်ဒိုင်တွင် ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်မှု အခြေအနေ

Thu, 06/04/2026 - 14:48 -- journal_editor

ပခုက္ကူကုန်စည်ဒိုင်တွင် ပဲမျိုးစုံဖြစ်သည့် ပဲစင်းငုံ၊ ပဲတီစိမ်းကြီး၊ ကုလားပဲ၊ ထောဖြူ၊ ပဲလွမ်း ပြာ၊ မတ်ပဲ၊ ဃဏ ပြောင်းဖူးစေ့နှင့် မန်ကျည်သီး သီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ 
ပဲစင်းငုံ
မေလ ပထမပတ်တွင် ပဲစင်းငုံ တစ်တင်းလျှင် ကျပ် ၉၄၀ဝ၀ ဈေး ဖြစ်ခဲ့ပြီး   စတုတ္ထပတ် တွင် ပဲစင်းငုံတစ်တင်း ၉၅၅၀ဝ ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တောင်သူလက်ကျန်နည်း၍  ဝင်ရောက်မှု နည်းလာခြင်းကြောင့်  ဈေး အနည်းငယ် မြင့်တက်သော်လည်း အိတ်ရေ ၂၀ဝ၀ ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ 
ပဲတီစိမ်းကြီး
မေလ ပထမပတ်တွင် ပဲတီစိမ်းကြီး တစ်တင်းလျှင် ကျပ် ၁၂၅၀ဝ၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး စတုတ္ထပတ်တွင် ပဲတီစိမ်းကြီး တစ်တင်းလျှင် ကျပ်  ၁၀၂၀ဝ၀ ဖြစ်ပြီး ဝင်ရောက်မှု ပိုမိုများပြားလာခြင်းကြောင့် ဈေးနှုန်းကျဆင်းသော်လည်း အိတ်ရေ ၅၀ဝ၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ 
ကုလားပဲ
မေလ ပထမပတ်တွင် ကုလားပဲ (929)တစ်တင်းလျှင် ကျပ် ၇၅၀ဝ၀၊ ကုလားပဲ (V6) တစ်တင်းလျှင်ကျပ် ၇၁၅၀ဝ၊ ကုလားပဲ (V2) တစ်တင်းလျှင်ကျပ် ၇၂၅၀ဝ ဈေးရှိပြီး စတုတ္ထ ပတ်တွင် ကုလားပဲ (929) တစ်တင်းလျှင် ကျပ် ၇၃၅၀ဝ၊ ကုလားပဲ (V6) တစ်တင်းလျှင်  ကျပ် ၇၂၂၀ဝ၊ ကုလားပဲ (V2)  တစ်တင်းလျှင်  ကျပ် ၇၁၅၀ဝ ဈေးဖြင့် အနည်းငယ်  ဈေးနှုန်းကျဆင်းသော်လည်း အိတ်ရေ ၂၀ဝ၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ 
ထောဖြူ (ကျွန်း)
မေလပထမပတ်တွင် ထောဖြူ(ကျွန်း) တစ်တင်းလျှင် ကျပ် ၇၂၅၀ဝဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး စတုတ္ထပတ်တွင် ထောဖြူ(ကျွန်း)တစ်တင်းလျှင် ကျပ် ၇၀၅၀ဝ ဈေးဖြင့် အနည်းငယ်ဈေးနှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။ ထောဖြူ (ကျွန်း)ပဲသည်  စားသုံးမှုနည်းပါးပြီး တင်ပို့မှုအတွက် အဓိကအားထား စိုက်ပျိုးရသော သီးနှံဖြစ်သည့်အတွက် ဝယ်ယူမှုမရှိခြင်းကြောင့် ကျဈေးဖြင့် အိတ်ရေ ၂၅၀ ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
ပဲလွမ်းပြာ
မေလ ပထမပတ်တွင် ပဲလွမ်းပြာ တစ်တင်းလျှင် ကျပ် ၅၇၀ဝ၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး စတုတ္ထပတ်တွင် ပဲလွမ်းပြာ တစ်တင်းလျှင် ကျပ်၅၉၀ဝ၀ ဈေးဖြင့် အနည်းငယ် ဈေးနှုန်းတက်ခဲ့ကြောင်း သိရသည်။  ပဲလွမ်းပြာ သည် ပြည်တွင်းစားသုံးမှု နည်းပါးပြီး တင်ပို့မှု အတွက် အဓိကအားထား  စိုက်ပျိုးရသော သီးနှံဖြစ်သည့်အတွက် ဈေးကွက်ဝယ်လိုအားရှိခြင်းကြောင့် တက်ဈေးဖြင့် အိတ်ရေ ၁၅၀ဝ ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း  သိရ သည်။
မတ်ပဲ
မေလ ပထမပတ်တွင် မတ်ပဲ တစ်တင်းလျှင် ကျပ် ၉၁၅၀ဝ ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းလျှင် ကျပ်  ၈၈၀ဝ၀ ဖြစ်ပြီး ဝင်ရောက်မှုပိုမိုများပြားလာခြင်းကြောင့် ဈေးနှုန်းကျဆင်းသော်လည်း အိတ်ရေ ၂၀ဝ၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ 
CP ပြောင်းဖူးစေ့
မေလ ပထမပတ်တွင် CP ပြောင်းဖူးစေ့ တစ်တင်းလျှင် ကျပ် ၂၇၈၀ဝဈေးနှုန်းဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး စတုတ္ထပတ်တွင် CP ပြောင်းဖူးစေ့ တစ်တင်းလျှင် ကျပ် ၂၈၈၀ဝ  ဖြစ်ပြီး ဝင်ရောက်မှု  ပိုမိုများပြားလာသော်လည်း ဈေးနှုန်း ကျဆင်းခြင်းမရှိဘဲ  တက်ဈေးဖြင့်  အိတ်ရေ ၁၅၀ဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ 
မန်ကျည်းသီး
မေလ ပထမပတ်တွင် မန်ကျည်းသီး တစ်ပိဿာလျှင် ကျပ် ၂၇၀ဝ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ စတုတ္ထပတ်တွင် မန်ကျည်းသီး တစ်ပိဿာလျှင် ကျပ် ၂၄၀ဝဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိပြီး   ဈေးနှုန်းကျဆင်းသော်လည်း ပိဿာ ၇၀ဝ၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ 
ပခုက္ကူကုန်စည်ဒိုင်တွင် ပဲမျိုးစုံသီးနှံများ အရည်အသွေးအလိုက် ဈေးနှုန်းများ အနည်းငယ်ကွာခြား၍  နေ့စဉ်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

မြတ်မင်း (ပခုက္ကူ)