Main menu

Background

ကန့်ဘလူမြို့နယ် ပဲဈေးကွက်

Mon, 09/14/2026 - 13:23 -- journal_editor

ပဲတီစိမ်း
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အခြားသော ကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြသည်။
၂၀၂၆ ခုနှစ် သြဂုတ်လစတုတ္ထပတ်အတွင်း ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၇၈၀ဝ၀၊ ပဲတီစိမ်း (ထွက်တိုး)တစ်တင်းလျှင် ကျပ် ၈၂၀ဝ၀ ရှိပြီး ဇူလိုင်လတတိယပတ် ဈေးနှုန်းများမှာ ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၇၇၀ဝ၀နှင့် ပဲတီစိမ်း (ထွက်တိုး)တစ်တင်းလျှင် ကျပ် ၈၂၀ဝ၀ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် သြဂုတ်လအတွင်း ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၁၀ဝ၀ ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပဲတီစိမ်း (ထွက်တိုး)မှာ ဈေးနှုန်းတည် ငြိမ်နေကြောင်း၊ မန္တလေးမြို့ရှိ ကုန်စည်ဒိုင်နှင့် ပွဲရုံများကို တင်ပို့ရောင်းချလျက်ရှိသည်။ 
သြဂုတ်လ စတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲတစ်တင်းလျှင် ကျပ်  ၈၉၀ဝ၀၊ မတ်ပဲ(ဂျပန်)တစ်တင်းလျှင် ကျပ်   ၉၂၀ဝ၀ နှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။  ဇူလိုင်လအတွင်း မတ်ပဲတစ်တင်းလျှင် ကျပ် ၈၀ဝ၀ဝ  နှင့်မတ်ပဲ (ဂျပန်)တစ်တင်းလျှင် ကျပ် ၉၂၀ဝ၀ ဖြင့်အရောင်းအဝယ်ဖြစ်သဖြင့် ယခင်လနှင့် သြဂုတ်လအတွင်း မတ်ပဲတစ်တင်းလျှင် ကျပ် ၉၀ဝ၀ ဈေးနှုန်းမြင့်တက်လာကြောင်းနှင့် မတ်ပဲ(ဂျပန်)မှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း၊ မတ်ပဲသီးနှံများကို မန္တလေးမြို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။
ပဲစင်းငုံ
ဒေသတွင်းဈေးကွက်၌ သြဂုတ်လစတုတ္ထပတ်အတွင်း ပဲစင်းငုံနီတစ်တင်းလျှင် ကျပ် ၉၀ဝ၀ဝ၊ ပဲစင်းငုံဖြူတစ်တင်းလျှင် ကျပ် ၇၉၀ဝ၀ နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဇူလိုင်လအတွင်းဈေးနှုန်းများမှာ ပဲစင်းငုံနီတစ်တင်းလျှင် ကျပ် ၉၃၀ဝ၀နှင့် ပဲစင်းငုံဖြူတစ်တင်းလျှင် ကျပ် ၈၃၀ဝ၀ ဖြင့်  အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခင်လနှင့် နှိုင်းယှဉ်ပါက သြဂုတ်လအတွင်း ပဲစင်းငုံနီတစ်တင်းလျှင် ကျပ် ၃၀ဝ၀နှင့် ပဲစင်းငုံဖြူတစ်တင်းလျှင် ကျပ် ၁၄၀ဝ၀ ဈေးနှုန်းကျဆင်းသွားကြောင်း သိရှိရသည်။
ကုလားပဲ
သြဂုတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကုလားပဲ ထိုင်ဝမ်တစ်တင်းလျှင် ကျပ် ၆၉၀ဝ၀၊ 929တစ်တင်းလျှင် ကျပ် ၇၂၅၀ဝ၊ V2  တစ်တင်းလျှင် ကျပ် ၇၄၀ဝ၀ နှင့် V7တစ်တင်းလျှင် ကျပ် ၇၃၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မန္တလေးကုန်စည်ဒိုင်၌ ပြည်ပပို့ကုန် ပဲအချို့ဈေးအေးပြီး အကျဘက်သို့ရှိနေကြောင်း၊ ကုလားပဲမျိုးစုံမှာ ပြည်တွင်းပဲကြော်ဖိုများနှင့် အဝယ်သမားများ၏ လိုအပ်ချက်ပုံမှန်ရှိနေခြင်းကြောင့် ဈေးနှုန်းတည်ငြိမ်ကာ အတက်ဘက်သို့ အားကောင်းနေကြောင်း၊ ကုလားပဲများကို ဒေသတွင်းသီးနှံပွဲရုံများမှတစ်ဆင့် မန္တလေးမြို့ရှိ ပွဲရုံများ နှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။
စွန်တာနီ
သြဂုတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ဝယ်လက်များ အကြိုက်တွေ့သည့် ပဲအမျိုးအစားဖြစ်သည့် စွန်တာနီတစ်တင်းလျှင် ကျပ် ၁၀၂၀ဝ၀၊ ထောပတ်ပဲတစ်တင်းလျှင် ကျပ် ၁၃၈၀ဝ၀ နှင့် ပဲဇီးကွက်တစ်တင်းလျှင် ကျပ် ၉၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
တရုတ်နှင့် အိန္ဒိယဈေးကွက်နှင့် ပြည်တွင်းအဝယ်သမားများ အဝယ် မျှတကာ ဈေးငြိမ်လျက်ရှိသည်။
  

ဝင်းသန်း(ကျွန်းလှ)