Main menu

Background

ပြင်သစ်နိုင်ငံ၏ ၂ဝဝ၉ ခုနှစ် ပြည်ပကုန်သွယ်မှု

Wed, 03/10/2010 - 07:25 -- Anonymous (not verified)

    ပြင်သစ်နိုင်ငံ၏ ပြည်ပကုန်သွယ်မှု အခြေအနေပြစာရင်းဇယားများကို ၂ဝ၁ဝ ပြည့်နှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ပြင်သစ်နိုင်ငံ ပြည်ပကုန် သွယ်ရေးဝန်ကြီး Mme.Anne-Marie Idrac  က ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ခဲ့သော စာရင်း ဇယားများအရ ၂ဝဝ၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၏ ပို့ကုန်တန်ဖိုး စုစုပေါင်းမှာ ယခင်နှစ်ကထက် ၁၇ ရာခိုင်နှုန်း လျော့နည်းခဲ့သည့်နည်းတူ သွင်းကုန် တန်ဖိုး စုစုပေါင်းမှာလည်း ၁၈ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ သို့သော် ပြင်သစ်နိုင်ငံသည် ပို့ကုန် တင်ပို့မှုတွင် ကမ္ဘာ့အဆင့် ၅နေရာတွင် ရှိနေဆဲဖြစ် သည်ကို တွေ့ရသည်။ကမ္ဘာ့ကုန်သွယ်မှုတွင် ပါဝင်မှုအခိုျး     ဥရောပတွင် ပြည်ပပို့ကုန်အများဆုံး တင်ပို့သော နိုင်ငံများဖြစ်သည့် ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်နှင့် အီတလီနိုင်ငံတို့အနက် ပြင်သစ်နိုင်ငံ၏ ကမ္ဘာ့ ကုန်သွယ်မှုတွင် ပါဝင်မှုအခိုျးမှာ ကျဆင်းလျက်ရှိ နေပြီး ဂျာမနီနိုင်ငံ၏အချိုးများ မြင့်တက်လျက်ရှိ နေသည်။ ၂ဝဝ၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၏ အခိုျး မှာ ၆ ဒသမ ၆ ရာခိုင်နှုန်းအထိကျ ဆင်းခဲ့သည်။ပြည်ပပို့ကုန်မြှင့်တင်ရေး     ပြင်သစ် ကုန်သွယ်ရေး ဝန်ကြီးဌာနသည် ပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အထူးအေဂျင် စီတစ်ခုအဖြစ် UBI-France (Everywhere france) ကို  ဖွဲ့စည်းထားသည်။ ၂ဝဝ၉ ခုနှစ်တွင် ပြည်ပနိုင်ငံပေါင်း ၄၅ နိုင်ငံ၌ UBI-France  အေဂျင်စီရုံးခွဲများကို ဖွဲ့စည်းပြီး မကြာမီနောက်ထပ် ၁ဝ နိုင်ငံ၌ ဖွင့်လှစ်ဦးမည်ဖြစ်သည်။ ပြင်သစ်နိုင်ငံ သား ၈၈ဝဝ ကလည်း မိမိဆန္ဒအလျောက UBI-France နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ပြင်သစ်နိုင်ငံ၏ အဓိကပို့ကုန်များ     လေယာဉ်ထုတ်လုပ်မှု။ ပြင်သစ်နိုင်ငံသည် ၂ဝဝ၉ ခုနှစ်က အဲဘတ်စ်လေယာဉ် ၄၉၈ စင်း ထုတ်လုပ် တင်ပို့နိုင်ခဲ့ပြီး ပြင်သစ်နှင့် ဂျာမဏီရှိ လေယာဉ် ထုတ်လုပ်ရေးစက်ရုံတို့မှ တစ်လလျှင် လေယာဉ် စင်းရေ ၂ဝ ထုတ်ပေးနိုင်ပြီး အများဆုံးထုတ်လုပ်သော အမိုျးအစားမှာ အဲဘတ်-အေ ၃၂ဝနှင့် အေ ၃၃ဝ တို့ဖြစ်သည်။ စိုက်ပိုျးမွေးမြူရေးလုပ်ငန်း ထုတ်ကုန်ပစ္စည်းများ။     ပြင်သစ်နိုင်ငံ၏ စိုက်ပိုျးရေးနှင့် မွေးမြူရေး ထွက်ကုန်ပစ္စည်းများတင်ပို့ရာမှ ရရှိငွေမှာ ဒေါ်လာ ၅ ဘီလီယံထိရှိခဲ့ပြီး ဒိန်ခဲမှာ ထိပ်တန်းပို့ကုန် တစ်ခုဖြစ်ခဲ့သည်။ အထူးသဖြင့် ဥရောပ၊ အာရှနှင့် အမေရိကန်သို့ အဆင့်မြင့်ဒိန်ခဲတန်ချိန် ၆ သိန်း တင်ပို့နိုင်ခဲ့ သည်။ သို့သော် ပြင်သစ်ဝိုင်မှာ ပြည်ပသို့ တင်ပို့မှု အနည်းငယ်ကျဆင်းခဲ့သည်။     ဆေးဝါးပစ္စည်း။ ဥရောပတွင် ပြင်သစ်နိုင်ငံသည် ဆေးဝါးပစ္စည်း တင်ပို့ရောင်းချမှုတွင် အဆင့် ၁ ရရှိထားသော နိုင်ငံဖြစ်သည်။ အထူးသဖြင့် ပဋိဇီဝဆေးများ ထုတ်လုပ်တင်ပို့ရာတွင် ၂ဝဝ၉ ခုနှစ်က တန်ဖိုး စုစုပေါင်း ယူရို ၇ ဒသမ ၅ ဘီလီယံဖိုး တင်ပို့နိုင်ခ ဲ့သည်။အဓိကသွင်းကုန်များ     ရုပ်မြင်သံကြားစက်။ ၂ဝဝ၉ ခုနှစ်က ရုပ်မြင်သံကြား အသံဖမ်းစက်(Flat Screen TV) လုံးရေ ၇ ဒသမ ၅ သန်း တင်သွင်းခဲ့ သည်။ အဓိကအားဖြင့် ကိုရီး ယား၊ ဂျပန်နှင့် တရုတ်နိုင်ငံတို့မှ မှာယူတင်သွင်း သည်။     ရေနံနှင့် သဘာဝဓာတ်ငွေ့။ ၂ဝဝ၈ ခုနှစ် နွေရာသီ က ရေနံဈေးနှုန်းအမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီး နောက်ပိုင်း ၂ဝဝ၉ ခုနှစ်တွင် စီးပွားရေး အကျပ်အတည်း ကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်သွင်းမှု ကျဆင်းခဲ့သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ တင် သွင်းမှုမှာ ၂ဝဝ၉ ခုနှစ်တွင် ၃၅ ရာခိုင်နှုန်း ကျဆင်း ပြီး စုစုပေါင်းတန်ဖိုး ဒေါ်လာ ၅၄ ဘီလီယံဖိုးရှိခဲ့ သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့တင်သွင်းမှုသည် သွင်းကုန်တန်ဖိုး စုစုပေါင်း၏ ၁ဝ ဒသမ ၃ ရာခိုင် နှုန်းရှိသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သံရုံး   ပြင်သစ်နိုင်ငံ