ခုတစ်ပတ်အတွင်း မြန်မာ့ငွေ ဈေးကွက်သည် တည်ငြိမ်လျက်ရှိနေ ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းကတည်းက ငြိမ်သက်နေခဲ့ သည့်ငွေလဲနှုန်းများသည် ယခုတစ်ပတ်တွင်လည်း ဆက်လက် ငြိမ်သက် နေကြောင်း၊ မိုးတွင်းကာလသို့ ရောက် လာသည့်အပြင် ကုန်သည်များအလုပ် အေးနေမှုကြောင့်လည်း ငွေလဲနှုန်းများ ငြိမ်သက်နေရခြင်းဖြစ်ကြောင်းငွေလဲ ဈေးကွက်အတွင်း လှုပ်ရှားနေသူတစ်ဦး က ဆိုသည်။
''ဈေးကွက်ထဲမှာတော့ တော် တော်လေးကို အရောင်းအဝယ်က အေးနေတယ်။ ကားဈေးကွက်လည်း အေးနေသလို ကုန်သည်တွေလည်း အရောင်းအဝယ်တန့်နေတယ်။ သူတို့ ပြောတာတော့ အဖမ်းအဆီးတွေ များ နေလို့ ခဏရပ်ထား တယ်လို့ပြော တယ်။ နောက်ပြီး ခုက မိုးတွင်းလည်းဖြစ်၊ ဝါ တွင်းကာလလည်း ရောက်တော့မယ်ဆို တော့ ဈေးက ငြိမ်နေမှာပဲ။ ဒါကလည်း ဖြစ်ရိုးဖြစ်စဉ်တွေပါပဲ။ ဒါကြောင့် ဈေး က ငြိမ်နေတာပါ''ဟု ငွေလဲဈေးကွက် အတွင်း ရောင်းဝယ်နေ သူ တစ်ဦးက ဆိုသည်။
သိမ်ဖြူငွေလဲဈေးကွက်တွင် ဇူလိုင်လ ၇ရက်နေ့တွင် ရောင်းဈေး ၉၇၅ကျပ်၊ဝယ်ဈေး၉၇၀ကျပ်နဲ့အလုပ်ဖြစ် နေပြီး ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ ရောင်းဈေး ၉၇၄ကျပ်၊ ဝယ်ဈေး ၉၇၀ ဖြင့် ရောင်းဝယ်လျက်ရှိသည်ကို တွေ့ရ သည်။
ပြင်ပ ငွေလဲစင်တာများတွင် ဇူလိုင်လ ၇ရက်နေ့က ရောင်းဈေး ၉၇၄ ကျပ်၊ ဝယ်ဈေး ၉၇၂ကျပ်ရှိခဲ့ပြီး ဇူလိုင် လ ၁၀ရက်နေ့တွင်မူ ရောင်းဈေး ၉၇၄ ကျပ်၊ ဝယ်ဈေး ၉၇၀ဖြင့် ရောင်းဝယ် လျက်ရှိကြောင်း သိရသည်။