Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Thu, 02/05/2015 - 21:31 -- journal_editor

အတွဲ(၁၅)အမှတ်(၅)

            စင်ကာပူနဲ့   အိန္ဒိယနိုင်ငံတို့အပါ အဝင်နိုင်ငံအများအပြားက လှည့်လည် ငွေ ကြေးပမာဏကို တိုးမြှင့်လာတဲ့အတွက် ဒေါ်လာဝယ်လိုအားကို မြင့်တက်လာ စေခဲ့ပါတယ်။ ဒါကြောင့်ထွန်းသစ်စ ဈေးကွက်တွေ မှာရှိ တဲ့ ငွေကြေးတွေက လအလိုက်နှိုင်းယှဉ်ရင် ပဉ္စမမြောက်လ အဖြစ်ကျဆင်းခဲ့ရာ ဘဏ္ဍာရေးအကျပ် အတည်းဖြစ်တဲ့ ၁၉၉၈ ခုနှစ်နောက်ပိုင်း ကျဆင်းတဲ့ကာလအရှည်ကြာဆုံးဖြစ်ခဲ့ ပါတယ်။
ထွက်ပေါ်လာတဲ့  အစီရင်ခံစာအရ အလုပ်လက်မဲ့ခံစားခွင့်  တောင်းဆိုမှု ကျဆင်းပြီး အလုပ်သမားခန့်ထားမှုမြင့် တက်လာတဲ့အတွက် အမေရိကန်ဗဟို ဘဏ်က   အမေရိကန်ပြည်ထောင်စု စီးပွားရေးကောင်းလာပြီလို့ ခန့်မှန်းခဲ့ပါ တယ်။ ဒါကြောင့် အတိုးနှုန်းမြှင့်တင်ဖို့ ကိစ္စကို  ဆိုင်းငံ့ထားဦးမှာဖြစ်ကြောင်း ယခုရက်သတ္တပတ်အတွင်းကပြောပါ တယ်။ စင်ကာပူနိုင်ငံကလည်း ငွေကြေး ဖလှယ်မှုနှုန်းကို ဖြည်းဖြည်းချင်း သာ မြှင့်တင် သွားမှာဖြစ်ကြောင်း  ဇန်နဝါရီ ၂၈ ရက်ကကြေညာထားပါတယ်။
    ယခုအချိန်မှာ ငွေကြေးဖောင်းပွမှု နှုန်းတွေကျဆင်းနေတဲ့အတွက် ကမ္ဘာ ပေါ်မှာရှိတဲ့  ဗဟိုဘဏ်တွေက စီးပွား ရေးဖွံ့ဖြိုးမှုကို ကျားကန်ပေးဖို့အတွက် အတိုးနှုန်းတွေလျှော့ချပေးလျက်ရှိရာ ဒိန်းမတ်၊  တူရကီ၊ အိန္ဒိယ၊ ကနေဒါနဲ့ ပီရူးနိုင်ငံတို့ပါဝင်ပါတယ်။ ဥရောပဗဟို ဘဏ်က ဘွန်းစာချုပ်တွေဝယ်ယူဖို့ အစီအစဉ်ကိုကြေညာခဲ့တဲ့အတွက် ယူရို တန်ဖိုးကိုကျဆင်းစေခဲ့ပါတယ်။  ရေနံစိမ်းဈေးနှုန်းတွေ  သက်သာ လာတဲ့အတွက် အိန္ဒိယ၊ ဖိလစ်ပိုင်၊ ထိုင်း၊ တရုတ်(တိုင်ပေ)နဲ့ ဗီယက်နမ် ငွေကြေးတွေရဲ့ တန်ဖိုးတွေ  မြင့်တက် လာစေခဲ့ပါတယ်။
တရုတ်ယွမ်
    ငွေကြေးဈေးကွက်အတွင်းသို့ ရန်ပုံငွေတွေ   ဖြည့်ဆည်းပေးမှာ ဖြစ် ကြောင်း တရုတ်ဗဟိုဘဏ်က ကြေညာ လိုက်တဲ့အတွက် တရုတ်ငွေကြေးအာ ဏာပိုင်အဖွဲ့ကငွေကြေးမူဝါဒကို လျှော့ ချပေးလိမ့်မယ်လို့  ခန့်မှန်းကြပါတယ်။ ဒါကြောင့် ဟောင်ကောင်မှာ  ယွမ်ငွေ ကြေးတန်ဖိုးက ၂၀၁၂ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအဆင့်ကိုရောက်ရှိခဲ့ပါတယ်။ ဘလွမ်းဘတ်က  ပြုစုထားတဲ့ ကိန်း ဂဏန်းတွေအရ  ဇန်နဝါရီ ၃၀ ရက် နံနက် ၈ နာရီ ၁၀ မိနစ်က ယွမ်ငွေကြေး  တန်ဖိုးက   ဒေါ်လာနဲ့ ဖလှယ်ရာမှာ သုည ဒသမ ၂ ရာခိုင်နှုန်း  ကျဆင်းပြီး တစ်ဒေါ်လာကို ၆ ဒသမ ၂၇၈၂ ယွမ် နှုန်းရှိခဲ့ပါတယ်။
အိန္ဒိယရူပီး
    ပို့ကုန်လုပ်ငန်းရှင်များက အမေရိ ကန်ဒေါ်လာကို ပိုမိုရောင်းချလာတဲ့ အတွက် ဘဏ်အချင်းချင်း  နိုင်ငံခြား ငွေရောင်းဝယ်ရေးဈေးကွက်မှာ  ဇန်န ဝါရီ ၃၀ ရက်က ရူပီးငွေကြေးတန်ဖိုးက သုည ဒသမ ၁၂ ရူပီးနှုန်းမြင့် တက်ပြီး တစ်ဒေါ်လာကို ၆၁ ဒသမ ၇၄ ရူပီးနှုန်း ရှိခဲ့ပါတယ်။ ပြည်ပဈေးကွက်တွေမှာ ဒေါ်လာတန်ဖိုး  ကျဆင်းမှုနဲ့ ရှယ်ယာ ဈေးကွက်တွေ မြင့်တက်မှုက တခြားငွေ ကြေးတွေနဲ့ ဖလှယ်ရာမှာ ရူပီးတန်ဖိုးကို အထောက်အကူပေးခဲ့ကြောင်း ငွေကြေး ဝယ်ရောင်းသမားတွေက ပြောပါတယ်။
ဂျပန်ယန်း    
    တိုကျိုဈေးကွက်မှာ  အမေရိကန် စီးပွားရေးကိန်းဂဏန်းတွေမထုတ်ပြန်မီ  ရင်းနှီးမြှုပ်နှံသူတွေက ငွေကြေးတွေ ကို ပြန်လည်ထိန်းညှိဆောင်ရွက်နေတဲ့ အတွက် တခြားငွေကြေးတွေနဲ့ ဖလှယ် ရာမှာဒေါ်လာ တန်ဖိုး ကျဆင်း ခဲ့ပါတယ်။
    ဂျပန်ယန်းငွေက  နယူးယောက် ဈေးကွက်မှာ ဒေါ်လာယန်းဖလှယ်နှုန်း ကတစ်ဒေါ်လာကို   ၁၁၈ ဒသမ ၃၄ ယန်းရှိခဲ့ရာမှ  တိုကျိုဈေးကွက်မှာ တစ် ဒေါ်လာကို ၁၁၇ ဒသမ ၉၆ ယန်းအထိ တန်ဖိုးကျဆင်းခဲ့ပါတယ်။   ဒါပေမယ့် ဇန်နဝါရီ ၂၆ ရက်ကရှိခဲ့တဲ့ တစ်ဒေါ် လာ ၁၁၇ ဒသမ ၇၀ ယန်းထက် မြင့် တက်နေဆဲဖြစ်ပါတယ်။ ယူရိုငွေကြေးက  ဒေါ်လာနဲ့ ဖလှယ်ရာမှာတစ်ယူရိုကို ၁ ဒသမ ၁၃၁၇ ဒေါ်လာမှ ၁ ဒသမ ၁၃၃၀ ယန်းသို့ မြင့်တက်ပြီး ယန်းငွေနဲ့ ဖလှယ်ရာမှာ ၁၃၃ ဒသမ ၉၃ ယန်းမှ ၁၃၃ ဒသမ ၆၇ ယန်းကိုကျဆင်းခဲ့ပါတယ်။
မလေးရှားရင်းဂစ်
    ပြည်တွင်းငွေကြေးရဲ့ ဝယ်လိုအား မြင့်တက်လာတဲ့အတွက် ဇန်နဝါရီ ၃၀ ရက်နေ့မှာ ရင်းဂစ်ငွေကြေးက ဒေါ်လာ နဲ့ရော တခြားအဓိကငွေကြေးတွေနဲ့ပါ ဖလှယ်တဲ့အခါ    တန်ဖိုးမြင့်တက်ခဲ့ ကြောင်း ဝယ်ရောင်းသမားတစ်ဦးက ပြောပါတယ်။
    ဒေါ်လာ ရင်းဂစ်  ဖလှယ်နှုန်းက ဇန်နဝါရီ ၂၉ ရက်မှာ တစ်ဒေါ်လာကို ၃ ဒသမ ၆၂၈၀ ရင်းဂစ်နှုန်းရှိရာမှ ၃၀ ရက်နေ့ မနက် ၉ နာရီမှာ ၃ ဒသမ ၆၂၆၀ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်ပို့ကုန်လုပ်ငန်းရှင်ေ တွရဲ့ ရင်းဂစ် ဝယ်လိုအားနဲ့  ရင်းနှီးမြှုပ်နှံသူတွေရဲ့ ဝယ်လိုအား အနည်းငယ်မြင့်တက်လာ တာ ကလည်း  ရင်းဂစ်တန်ဖိုးမြင့်တက်ဖို့ အထောက်အကူရစေခဲ့ပါတယ်။
တောင်ကိုရီးယားဝမ်
    ကမ္ဘာပေါ်ရှိ ဘဏ်အများအပြား ကငွေကြေးမူဝါဒတွေ  လျှော့ချလာတဲ့ အတွက်   တောင်ကိုရီးယားကလည်း အတိုးနှုန်းတွေကိုစံချိန်တင်နိမ့်ကျတဲ့ အထိ လျှော့ချပေးလိမ့်မယ်လို့ ရင်းနှီး မြှုပ်နှံသူတွေက    ခန့်မှန်းကြပါတယ်။ ဒါကြောင့် တောင်ကိုရီးယားဝမ်ငွေရဲ့ ဖလှယ်နှုန်းက  နိုဝင်ဘာနောက်ပိုင်း ကျဆင်းမှုအများ ဆုံးဖြစ်ခဲ့ပါတယ်။
ဇန်နဝါရီ ၃၀ ရက်နံနက် ၁၀ နာရီ ၃၂ မိနစ်မှာ ဝမ်ငွေကြေးက သီတင်း ပတ်အတွင်း ကျဆင်းမှု ၁ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ရက်အလိုက်  ကျဆင်းမှု   သုည ဒသမ ၃ ရာခိုင်နှုန်းရှိပြီး တစ် ဒေါ်လာကို ၁၀၉၇ ဒသမ ၄၀ ဝမ်နှုန်း ရှိခဲ့ပါတယ်။
ထိုင်းဘတ်
    ၂၀၁၄ ခုနှစ်  ဒုတိယနှစ်ဝက်မှာ ဘတ်ငွေနဲ့    နှိုင်းယှဉ်ရင် ထိုင်းနိုင်ငံရဲ့   ကုန်သွယ်ရေး   ပြိုင်ဘက်နိုင်ငံတွေရဲ့ ငွေကြေးတန်ဖိုး    ကျဆင်းမှုက ပိုမိုခဲ့ပါ တယ်။ ဒါကြောင့် ထိုင်းနိုင်ငံပို့ကုန်တွေ  ရဲ့ယှဉ်ပြိုင်နိုင်မှုစွမ်းအားကို ကျဆင်းစေ ခဲ့ပါတယ်။ ဇွန်လအကုန်ကနဲ့နှိုင်းယှဉ် ရင် ထိုင်းဘတ်ငွေရဲ့ တန်ဖိုးကဒေါ်လာ နဲ့ဖလှယ်ရာမှာ သုည ဒသမ ၅ ရာခိုင် နှုန်းကျဆင်းပေမယ့်   ထိုင်းဘတ်ငွေ တန်ဖိုး ကတစ်ဒေါ်လာကို ၃၂ ဒသမ ၅၃ ဘတ်ကနေ ၃၆ ဘတ်အတွင်းရှိ နေရင် ပို့ကုန်လုပ်ငန်းတွေအတွက် အဆင် ပြေမယ်လို့  ကုန်သည်တွေက ပြောပါ တယ်။
ဉာဏ်တင်စုစည်းတင်ပြသည်။