Main menu

Background

ဗဟိုဘဏ်ဈေးအတွင်းပြန်လည်ရောက်ရှိလာ၍ ငွေဈေးနှုန်းများ တည်ငြိမ်လျက်ရှိ

Fri, 02/06/2015 - 18:45 -- journal_editor

အတွဲ(၁၅)အမှတ်(၅)

        ယခုတစ်ပတ်အတွင်း ငွေလဲလှယ်နှုန်းများသည် များသောအားဖြင့် တည် ငြိမ်လျက်ရှိပြီး အတက်အကျ အနည်းငယ်ဖြင့်သာဈေးကွက်အတွင်းရောင်းဝယ် လျက်ရှိကြောင်းသိရသည်။ ဗဟိုဘဏ်မှသတ်မှတ် ထားသည့်ရည်ညွှန်း ငွေလဲနှုန်း နှင့် တူညီလုနီးပါးဖြစ်လာ၍ ဈေးကွက်အတွင်း ရောင်းဝယ်ရာတွင်  ဈေးနှုန်းများ တည်ငြိမ်နေရခြင်းဖြစ်ကြောင်း ငွေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
''ကျွန်တော်တို့အပြင်မှာတော့ ငွေဈေးက တစ်ကျပ်ကွာ နှစ်ကျပ်ကွာ လောက် ပဲ ရောင်းဝယ်နေပါတယ်။ ခုရက်ပိုင်းမှာ ဗဟိုဘဏ်က သတ်မှတ်ပေးထားတဲ့ရည် ညွှန်းငွေလဲနှုန်းနဲ့လည်း ဈေးက သိပ်မကွာတော့ အရောင်းအဝယ်က တည်ငြိမ်နေတယ်လို့ပြောရမှာပါ။ဈေးကွက်ထဲမှာလည်းအရောင်းအဝယ်ကပုံမှန်အတိုင်းပဲ ရှိတယ်။ရွှေဈေးကွက်ကလည်းအကျဘက်ကိုပြန်ပြီးဦးတည်လာတဲ့အတွက် ကျွန်တော်တို့ဘက်မှာလည်း ပုံမှန်အတိုင်းပဲရှိ တယ်လို့ ပြောရ မှာပါ''ဟု အနော်ရထာ လမ်းပေါ်ရှိ ငွေလဲစင်တာတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
သိမ်ဖြူငွေလဲစင်တာတွင်ယခုတစ်ပတ်အတွင်း ရောင်းဈေး ၁၀၃၀ ကျပ်၊ဝယ်ဈေး ၁၀၂၄ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိသည်။ ပြင်ပငွေလဲစင်တာတွင်မူစင်တာတစ်ခုနှင့်တစ်ခုတစ်ကျပ်နှစ်ကျပ်စီခွာ၍ရောင်းဝယ်လျက် ရှိပြီး ရောင်းဈေး ၁၀၂၉ ကျပ်၊ ဝယ်ဈေး ၁၀၂၄ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။
မယ်သီတာ