Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Tue, 02/17/2015 - 21:28 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

ယူကရိန်းနိုင်ငံမှာ    အပစ်အခတ် ရပ်စဲရေးသဘောတူညီမှု၊ ဆွီဒင်နိုင်ငံက ပင်မအတိုးနှုန်းကို  သုညရာခိုင်နှုန်းသို့ ရုတ်တရက်လျှော့ချမှုနဲ့ ကြွေးမြီတင်ရှိ နေတဲ့ ဂရိနိုင်ငံနဲ့ မြီရှင်များအတွက် ဖြေ ရှင်းမှုရနိုင်တော့မယ့်    မျှော်လင့်ချက် များရရှိမှု     စတဲ့သတင်းများထွက်ပေါ် လာပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁၃ ရက် မှာ အာရှဒေသရဲ့ ရှယ်ယာဈေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။
    ''အဓိကစိုးရိမ်ရမယ့် သောကတွေ ကင်းဝေးသွားပြီဖြစ်တဲ့အတွက် ရင်းနှီး မြှုပ်နှံသူတွေပိုပြီး စိတ်အေးချမ်းသာဖြစ် သွားပါပြီ'' Daiwa Securities မှ အကြီးတန်းမဟာဗျူဟာမှူး   ဟီရိုကာဇူ ကာဘဲယက ပြောပါတယ်။
    အပြုသဘော  စိတ်ဓာတ်တွေကို ထပ်မံတိုးပွားစေတာက ဆွီဒင်ဘဏ်ရဲ့ လှုပ်ရှားဆောင်ရွက်ချက်ဖြစ်ပါတယ်။ ဆွီဒင်ဘဏ်က စီးပွားရေးတွန်းအားပေး အစီအစဉ်ကို ရုတ်တရက်ကြေညာလိုက် ပြီး အဓိက  အတိုးနှုန်းတွေကို သုည အောက်လျှော့ချပေးလိုက်တာကလည်း ရင်းနှီးမြှုပ်နှံသူတွေကို  အံ့အားသင့်စရာ ဖြစ်စေခဲ့ပါတယ်။
မမျှတဆရကုန်သွယ်မှု အခွင့်အရေး တွေယူနိုင်ဖို့အတွက် ဆောင်ရွက်နေတဲ့ နိုင်ငံတွေကိုဦးတည်ပြီး   အမေရိကန် အစိုးရက ပြင်းပြင်းထန်ထန်တွန်းလှန် ဆောင်ရွက်သွားမှာဖြစ်ကြောင်း အမေ ရိကန်ဘဏ္ဍာရေးဝန်ကြီး  ဂျက်လူးက ဖေဖော်ဝါရီ ၁၂ ရက်က ပြောခဲ့တာက လည်း အလေးထား   စဉ်းစားရမယ့် အချက်တစ်ခုဖြစ်ပါတယ်။

တရုတ်ယွမ်
    တရုတ်နိုင်ငံခြားငွေ ရောင်းဝယ် ရေးဌာနက    တရုတ်ယွမ်ငွေကြေးရဲ့ တန်ဖိုးကို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ သုည ဒသမ ၄၅ ရာခိုင်နှုန်း တိုးမြှင့်ပြီး တစ်ဒေါ်လာကို ၆ ဒသမ ၁၂၈၈ ယွမ် နှုန်းသတ်မှတ်ပေးခဲ့ပါတယ်။

အိန္ဒိယရူပီး
    ပို့ကုန်လုပ်ငန်းရှင်များနဲ့   ဘဏ် တွေက  အမေရိကန်ဒေါ်လာတွေကို ရောင်းချလာတဲ့အတွက် ဘဏ်အချင်း ချင်းနိုင်ငံခြားငွေဖလှယ်ရေးဈေးကွက် မှာ ရူပီးတန်ဖိုး  သုည ဒသမ ၂၆ ရူပီး နှုန်းမြင့်တက်ပြီး   တစ်ဒေါ်လာကို ၆၂ ဒသမ ၀၅ ရူပီးနှုန်း  ရှိခဲ့ပါတယ်။ ပြည် တွင်းရှယ်ယာဈေးကွက်မှာ စတော့ဈေး နှုန်းတွေ   မြင့်တက်လာခြင်းကလည်း ရူပီး တန်ဖိုးမြင့်တက်ဖို့ အထောက်အပံ့ ဖြစ်စေခဲ့ကြောင်း ငွေကြေးဝယ်ရောင်း သမားတွေက ပြောပါတယ်။

ဂျပန်ယန်း    
    အမေရိကန်နိုင်ငံရဲ့    လက်လီ ရောင်းချမှုကိန်းဂဏန်းတွေက မျှော် လင့်ထားတာထက် ပိုမိုဆိုးဝါးတဲ့အတွက် ဖေဖော်ဝါရီ ၁၂ ရက်က အဓိကငွေကြေး တွေနဲ့ ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုး ကျ ဆင်းခဲ့ပါတယ်။
    ယူရို^ဒေါ်လာ  ဖလှယ်နှုန်းက ဖေဖော်ဝါရီ ၁၂ ရက်က နယူးယောက် ဈေးကွက်မှာ   တစ်ယူရိုကို ၁ ဒသမ ၁၂၉၇ ဒေါ်လာနှုန်းရှိရာမှ ၁၃ ရက်နေ့ မှာ တစ်ဒေါ်လာကို ၁ ဒသမ ၁၄၁၄ ဒေါ်လာနှုန်းရှိခဲ့ပါတယ်။ ယန်းငွေတန်ဖိုး က ဒေါ်လာနဲ့   ဖလှယ်ရာမှာ ဖေဖော်ဝါရီ ၁၂ ရက်က တစ်ဒေါ်လာကို ၁၂၀ ဒသမ ၂၉ ယန်းနှုန်းရှိခဲ့ရာမှ ၁၃ ရက်မှာ တစ်ဒေါ်လာကို ၁၁၈ ဒသမ ၈၆ ယန်း နှုန်းထိ ယန်းတန်ဖိုးမြင့်တက်ခဲ့ပါတယ်။
မလေးရှားရင်းဂစ်
    အမေရိကန်   လက်လီရောင်းချမှု စာရင်းများ ကျဆင်းမှု  အခြေအနေ ကြောင့်  ဒေါ်လာတန်ဖိုး  ကျဆင်းကာ ဒေါ်လာဝယ်လိုအားပါ  ကျဆင်းခဲ့တဲ့ အတွက်   မလေးရှားရင်းဂစ်တန်ဖိုးက တစ်ပတ်အတွင်း    အမြင့်ဆုံးနှုန်းကို ရောက်ရှိခဲ့ပါတယ်။
    ဘလွမ်းဘတ်သတင်းဌာနက   စု စည်းပြုစုထားတဲ့    စာရင်းများအရ ကွာလာလမ်ပူမှာ ဖေဖော်ဝါရီ ၁၃ ရက် မနက် ၁ နာရီ ၂၆ မိနစ်မှာ ရင်းဂစ်တန် ဖိုးက တစ်ဒေါ်လာကို ၃ ဒသမ ၅၇၆၅ ရင်းဂစ်နှုန်းရှိတဲ့အတွက်  သုည ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ ဖေဖော်ဝါရီ ၄ ရက် နောက်ပိုင်း  အမြင့်ဆုံးဖလှယ် နှုန်းဖြစ်ပါတယ်။

တောင်ကိုရီးယားဝမ်
    အမေရိကန်   ပြည်ထောင်စုရဲ့ စီးပွားရေးကိန်းဂဏန်းများက မူလခန့် မှန်းထားတာထက်    ပိုမိုဆိုးဝါးလာတဲ့ အတွက် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းလာတာကို    တွေ့ရပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီ ၁၂ ရက်နေ့က သီတင်းငါးပတ်အတွင်း   အနိမ့်ဆုံးနှုန်း ထိ ကျဆင်းခဲ့တဲ့  တောင်ကိုရီးယားဝမ် တန်ဖိုးက ဖေဖော်ဝါရီ ၁၃ ရက်မှာ တစ် ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၁၀၉၇ ဝမ်နှုန်းထိ   တန်ဖိုးမြင့်တက်ခဲ့ ပါတယ်။
ထိုင်းဘတ်
    ဘတ်ငွေတန်ဖိုးမြင့်တက်မှုကြောင့် ပို့ကုန်လုပ်ငန်းများကို ဆိုးဝါးတဲ့အကျိုး သက်ရောက်မှုတွေရှိခဲ့ပေမယ့် ဘတ်ငွေ တန်ဖိုးငြိမ်သက်ပြီး နိုင်ငံခြားငွေစီးဝင်မှု တွေရှိနေတဲ့အတွက်  သီးခြားအစီအမံ တွေချမှတ်မှာ  မဟုတ်ကြောင်း ထိုင်း ဗဟိုဘဏ်ရဲ့    ကြေညာချက်ထွက်ပြီး နောက် ဘတ်ငွေတန်ဖိုး မြင့်တက်ခဲ့ပါ တယ်။ ဘတ်ငွေတန်ဖိုးက  ယခုနှစ်စမှ ဖေဖော်ဝါရီ  ၁၁ ရက်ထိ သုည ဒသမ ၈၃ ရာခိုင်နှုန်းတန်ဖိုးမြင့်တက်ပြီး  တစ် ဒေါ်လာကို ၃၂ ဒသမ ၆၄ ဘတ်နှုန်းရှိ ခဲ့ပါတယ်။