Main menu

Background

ဒါ်လာအမြင့်ဈေးဖြင့် ငြိမ်နေခဲ့တဲ့ရက်သတ္တပတ်

Thu, 05/31/2018 - 10:51 -- journal_editor

ပြည်တွင်းငွေလဲဈေးကွက်သည် မေလစတုတ္ထပတ်အတွင်း ဈေးငြိမ်နေခဲ့ကြောင်းသတင်းရရှိသည်။မြန်မာနိုင်ငံတော်ဗဟို ဘဏ်ကလည်း ရည်ညွှန်းငွေလဲနှုန်းကို အမေရိကန် တစ်ဒေါ်လာလျှင်၁၃၄၈ ကျပ်မှ တစ်ဒေါ်လာလျှင် ၁၃၅၆ကျပ်သို့  ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း သိရသည်။

အမေရိကန် စီးပွားရေးလောကတွင် အစုရှယ်ယာဈေးနှုန်းများ ကျဆင်းလာ ခြင်းကြောင့် အမေရိကန်ဒေါ်လာဈေးအပေါ် သက်ရောက်မှုရှိခြင်း၊ ပြည်တွင်း ဈေး ကွက်တွင်လည်း စက်သုံးဆီဈေးနှုန်း မြင့်တက် လာခြင်းကြောင့် ဒေါ်လာဝယ်လိုအား များလာပြီး ဈေးအမြင့်တန်းတွင်ရှိနေခြင်းဖြစ်ကြောင်း ပြည်တွင်းငွေကြေးအရောင်း အဝယ်ဈေးကွက်အတွင်းမှ စုံစမ်းသိရှိ ရသည်။

ပြည်တွင်းငွေလဲနှုန်းဈေးကွက်တွင် မေ ၂၁ ရက်က အမေရိကန်တစ်ဒေါ်လာ ရောင်းဈေး ၁၃၅၀ကျပ်၊ဝယ်ဈေး ၁၃၄၈ ကျပ်ဈေးရှိခဲ့ရာမှ မေ၂၃ရက်တွင် အမေ ရိကန်တစ်ဒေါ်လာ ရောင်းဈေး ၁၃၄၇ကျပ်၊ ဝယ်ဈေး၁၃၄၅ကျပ် သို့ ရောက်ရှိခဲ့ပြီး မေ ၂၅ ရက်တွင် အမေရိကန်တစ်ဒေါ်လာ ရောင်းဈေး ၁၃၄၇ ကျပ်၊ ဝယ်ဈေး ၁၃၄၅ ကျပ်ဖြင့် ဈေးပိတ်သိမ်းသွားခဲ့ကြောင်း သိရသည်။            

 သန်းထိုက်အောင်