Main menu

Background

ငွေလဲနှုန်း တစ်ဒေါ်လာ ၃၆၀ဝ ကျပ်ဝန်းကျင် ပေါက်ဈေးရှိ

Thu, 09/22/2022 - 15:26 -- journal_editor

လက်ရှိ ပြင်ပဈေးကွက်အတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ၃၆၀ဝ ကျပ် ဝန်းကျင် ပေါက်ဈေးရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ် မှတ်ထားသည့် နိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာ ကျပ် ၂၁၀ဝ ဖြစ်သော်လည်း ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၆၀ဝ ဝန်းကျင် ပေါက်ဈေးရှိနေခြင်းဖြစ် သည်။ငွေလဲနှုန်းများမှာ စက်တင်ဘာ ၆ ရက်တွင် ရောင်းဈေး ၃၅၅၀ ကျပ်၊ ဝယ်ဈေး ၃၃၅၀ ကျပ်၊ ၇ ရက်တွင် ရောင်းဈေး ကျပ် ၃၆၀ဝ၊ ဝယ်ဈေး ကျပ် ၃၄၀ဝ၊ ၈ ရက်တွင် ရောင်းဈေး ကျပ် ၃၆၀ဝ၊ 
ဝယ်ဈေး ၃၄၅၀ ကျပ်ရှိကြောင်း သိရသည်။ဗဟိုဘဏ် အနေဖြင့် ပြည်တွင်းငွေလဲနှုန်း တည်ငြိမ်စေရန်  ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး ဈေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များ ချမှတ် ထားကာ အဆိုပါ စည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေ ဈေးပြိုင် လေလံတွင်ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်  လုပ်ငန်း လိုင်စင်  (Authorized Dealer-AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ် သုံးခု၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ခုနှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ခုတို့ဖြင့် နိုင်ငံခြားငွေ ဝယ်ယူခြင်း၊ ရောင်းချခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   
  ပန်းဆု