Main menu

Background

ပြီးခဲ့သည့်တစ်ပတ်အတွင်း စတော့ရှယ်ယာ အရောင်းအဝယ် တန်ဖိုး ကျပ်သန်း ၂၀ဝ ကျော်ဖြစ်ပေါ်ခဲ့

Thu, 09/29/2022 - 11:09 -- journal_editor

ပြီးခဲ့သည့် ရက်သတ္တပတ် စက်တင်ဘာ ၁၂ ရက်မှ ၁၆ ရက်အတွင်း စာရင်းဝင် ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှုမှာ တန်ဖိုး ကျပ်သန်း ၂၀ဝ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း
  (YSX)  မှ သိရသည်။အဆိုပါကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေ စုစုပေါင်းမှာ ၆၀၄၃၀ ဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ် ၂၆၀၆၅၈၅၀ဝ ရရှိခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချနိုင်မှုအနေဖြင့် First Myanmar Investment (FMI)   က အစုရှယ်ယာ ၆၄၉၄ ရောင်းချနိုင်ခဲ့ပြီး  တန်ဖိုး  ကျပ် ၃၀၁၁၉၇၀ဝ၊ Myanmar Thilawa SEZ Holidings Public (MTSH)က အစုရှယ် ယာ ၃၇၁၀၂ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၂၁၇၅၉၃၅၀ ရရှိခဲ့ကြောင်း သိရ သည်။အလားတူ မြန်မာနိုင်ငံသားများဘဏ်  (MCB) က အစုရှယ်ယာ ၃၀ဝ ရောင်း ချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၁၉၈၈၀ဝ ၊ ပထမ ပုဂ္ဂလိကဘဏ် (FPB)က အစုရှယ်ယာ ၁၅၉၇ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃၃၃၇၇၅၀ဝ ရရှိခဲ့သည်။ထို့အတူ TMH Telecom Public (TMH)  က အစုရှယ်ယာ ၁၄၅၀၂ ရောင်းချ နိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၄၀၅၈၅၂၀ဝ၊ Ever Flow River Group Public (EFR) က 
အစုရှယ်ယာ ၄၀၆ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၀၈၄၀၅၀၊ Amata Holding Public Co.,Ltd. (AMATA)  က အစုရှယ်ယာ ၂၇၉ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၅၃၃၉၀ဝ စသည်ဖြင့် အသီးသီးရရှိခဲ့ကြောင်း သိရသည်။                        
  ပန်းဆု