Main menu

Background

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စတော့ရှယ်ယာတန်ဖိုး ကျပ် တစ်ဘီလီယံကျော် အရောင်းအဝယ်ဖြစ်ခဲ့

Wed, 10/19/2022 - 11:01 -- journal_editor

ပြီးခဲ့သည့် ‌စက်တင်ဘာလအတွင်း စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ် တစ်ဘီလီယံကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့ အိတ်ချိန်း(YSX) မှသိရသည်။အဆိုပါကာလအတွင်း အရောင်းအဝယ် ဖြစ် မြောက်သည့် ရှယ်ယာစောင်ရေ စုစုပေါင်းမှာ ၃၄၇၅၉၇ ဖြစ်ပြီး တန်ဖိုး ကျပ် ၁ ဒသမ ၆၂ ဘီလီယံ ရှိခဲ့ခြင်းဖြစ်သည်။ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချနိုင်မှုအနေဖြင့် First Myanmar  Investment (FMI)  က အစုရှယ်ယာ ၅၀၈၈၈ ရောင်းချနိုင်ခဲ့ပြီးတန်ဖိုးကျပ် ၄၇၈ ဒသမ ၁၁ မီလီယံ၊Myanmar Thilawa SEZ Holidings Public (MTSH)ကအစုရှယ်ယာ ၂၂၉၈၁၄ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၇၇၉ ဒသမ ၃၀ မီလီယံ ရရှိခဲ့ ကြောင်း သိရသည်။အလားတူ  မြန်မာနိုင်ငံသားများဘဏ် MCB) က အစုရှယ်ယာ ၂၃၄၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၇ ဒသမ ၇၂ မီလီယံ၊ ပထမပုဂ္ဂလိကဘဏ် (FPB) က အစုရှယ်ယာ ၇၉၅၆ ရောင်းချနိုင်ခဲ့ပြီးတန်ဖိုး ကျပ် ၁၆၃ ဒသမ ၄၂ မီလီယံ ရရှိခဲ့ သည်။ ထို့ အတူ TMH Telecom Public (TMH) က အစုရှယ်ယာ ၃၅၁၅၈ ရောင်းချ နိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၇၉ ဒသမ ၂၄ မီလီယံ၊ Ever Flow River Group Public (EFR) က အစုရှယ်ယာ ၈၇၀၉ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၃ ဒသမ ၈၇ မီလီယံ၊ Amata Holding Public Co.,Ltd. (AMATA)  က အစုရှယ်ယာ ၁၂၇၂၇ ရောင်း ချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၆၄ ဒသမ၆၂ မီလီယံ စသည်ဖြင့် အသီးသီး ရရှိခဲ့ကြောင်း သိရသည် ။                                                                                         

ပန်းဆု