Main menu

Background

ပြည်တွင်းငွေလဲနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်လျှက်ရှိ

Wed, 11/02/2022 - 15:55 -- journal_editor

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းငွေလဲနှုန်း တည်ငြိမ်စေရေး အတွက် လိုအပ်သည့် မူဝါဒဆိုင်ရာ တုံ့ပြန်မှုများကို ဆောင်ရွက်နေကြောင်းသိရသည်။ယင်းသို့ဆောင်ရွက်နေသည့်အတွက် အမေရိကန်ဒေါ်လာမှာကျဆင်းလာ နိုင်ပြီး ဖြစ်သင့်သည့်နှုန်းထားကို တဖြည်းဖြည်းရောက်ရှိလာမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။ထို့ပြင်နယ်စပ်ကုန်သွယ်ရေးတွင် ဘဏ်လုပ်ငန်းစနစ် ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်ရေးနှင့် ယွမ်၊ ထိုင်းဘတ်ငွေများပြန်လည်ဝ င်ရောက် စေရန်ကြပ်မတ်ဆောင်ရွက်ခြင်း အဓိကမဖြစ်မနေ တင်သွင်းရမည့် သွင်းကုန်များအတွက် အမေ ရိကန်ဒေါ်လာ ဦးစားပေးရောင်းချပေးခြင်း၊အစိုးရချင်း ပို့ကုန်တင်ပို့မှုများတွင် လိုအပ်သည့်ညှိနှိုင်းမှုများပြုလုပ်ပေးခြင်းတို့ကိုလည်း  ဆောင် ရွက်ခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည့် နိုင်ငံခြားငွေလဲနှုန်းမှာ တစ် ဒေါ်လာလျှင် ကျပ် ၂၁၀ဝ ဖြစ်ပြီး တရားမဝင် ပေါက်ဈေးနှင့် ကွာဟချက်ကြီးမားမှုကို လျှော့ချလိုသည့်အတွက် ယခု ၂၀၂၂ ခုနှစ် သြဂုတ် ၅ ရက်မှစတင်ကာ ပြင်ဆင် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။                                                            
ပန်းဆု