Main menu

Background

အောက်တိုဘာ ၁၁ ရက်မှ ၁၄ ရက်အတွင်း စတော့ရှယ်ယာအရောင်းအဝယ်တန်ဖိုး ကျပ်သန်း ၂၀ဝ နီးပါး ဖြစ်ပေါ်ခဲ့

Wed, 11/02/2022 - 15:56 -- journal_editor

ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်မှ ၁၄ ရက်အတွင်း စာရင်းဝင်ကုမ္ပဏီများ ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှုမှာ တန်ဖိုးကျပ်သန်း ၂၀ဝ နီးပါးရှိခဲ့ ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX))မှ သိရသည်။အဆိုပါကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေ စုစုပေါင်းမှာ ၃၉၁၆၆ ဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ် ၁၉၂၁၁၆၉၅၀ ရရှိခဲ့ခြင်းဖြစ်သည်။ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချနိုင်မှုအနေဖြင့်  First Myanmar  Investment (FMI)  က အစုရှယ်ယာ ၅၅၈၂ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးကျပ် ၅၂၆၅၃၂၀ဝ၊Myanmar Thilawa SEZ Holidings Public (MTSH) က အစုရှယ်ယာ ၂၈၆၁၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၀ဝ၃၀၆၁၀ဝ ရရှိခဲ့ကြောင်း သိရသည်။အလားတူ မြန်မာနိုင်ငံသားများဘဏ်(MCB) က အစုရှယ်ယာ ၃၄၀ ရောင်း ချနိုင်ခဲ့ပြီး တန်ဖိုးကျပ် ၂၆၆၈၅၀ဝ ၊ ပထမပုဂ္ဂလိကဘဏ် (FPB) က အစုရှယ်ယာ ၁၀၆၉ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၂၃၄၉၀ဝ၀ ရရှိခဲ့သည်။
ထို့အတူ TMH Telecom Public (TMH)) က အစုရှယ်ယာ ၆၂၀ ရောင်းချနိုင် ခဲ့ပြီး တန်ဖိုး ကျပ် ၁၇၁၉၇၀ဝ၊ Ever Flow River Group Public (EFR)  က အစုရှယ် ယာ ၁၀၅၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၈၈၆၀၅၀၊ Amata Holdin Public  Co.,Ltd. (AMATA) က အစုရှယ်ယာ ၁၈၈၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၉၅၃၄၄၀ဝ စသည်ဖြင့် အသီးသီးရရှိခဲ့ကြောင်း သိရသည်။                            
 ပန်းဆု