Main menu

Background

ပြည်တွင်းငွေကြေးဈေးကွက် အရောင်းအဝယ်အေးနေ

Fri, 11/11/2022 - 11:55 -- journal_editor

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေ သုံးစွဲမှုကို ထိန်းချုပ်လျက်ရှိရာ လက်ရှိ ပြည်တွင်းငွေကြေးဈေးကွက်အတွင်း ကြိုက်ရောင်း၊ ကြိုက်ဝယ် စနစ်ဖြင့် အရောင်းအဝယ်အေးနေကြောင်း သိရသည်။
ဗဟိုဘဏ်အနေဖြင့် ပြည်တွင်း၌ ရွှေနှင့် ငွေကြေးဈေးကွက် တည်ငြိမ်စေရန် အတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဆက်လက်ပံ့ပိုးပေးသွား မည်ဖြစ်ကြောင်း ပြောဆိုထားသည်။
လက်ရှိတွင် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းထားပြီး ဒေါ်လာဈေးနှုန်း တည်ငြိမ်မှုပျက်ပြားစေသည့် ကိစ္စရပ်များအပေါ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ပုဂ္ဂလိကဘဏ်များနှင့် လုပ်ငန်းရှင်များအနေနှင့် လက်ရှိ အခြေအနေမျိုးတွင် ငွေကြေးဈေးနှုန်း တည်ငြိမ်စေရေး ပူးပေါင်းဆောင်ရွက်ကြရန် ဗဟိုဘဏ်က တိုက်တွန်းပြောကြားထားသည်။                                                  ပန်းဆု