Main menu

Background

ပြည်တွင်း ငွေကြေးဈေးကွက် အရောင်းအဝယ် ပုံမှန်အတိုင်းသာရှိ

Mon, 11/28/2022 - 13:27 -- journal_editor

မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ပြည်တွင်းငွေလဲနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်လျက်ရှိရာ လက်ရှိ ငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန် အတိုင်းသာရှိကြောင်း သိရသည်။
ပြည်တွင်း၌ ရွှေနှင့် ငွေကြေးဈေးကွက် တည်ငြိမ်‌စေရန်အတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဗဟိုဘဏ်တို့က ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ယင်းအပြင် ပြင်ပဈေးအတိုင်း  ရောင်းဝယ်မှုများ ပြုလုပ်နေသည့် ၎င်းတို့ လိုင်စင်ထုတ်ပေးထားသော ငွေလဲကောင်တာများကိုလည်း ဗဟိုဘဏ်က အရေးယူ မှုများပြုလုပ်လျက်ရှိရာ အောက်တိုဘာ ၁၇ ရက်က သတ်မှတ်ထားသော ဥပဒေကို ဖောက်ဖျက်သည့် Thomas Khanno  ကုမ္ပဏီ၏ Money Changer လိုင်စင်အား ဖျက်သိမ်းခဲ့ကြောင်း  ကြေညာခဲ့သည်။ 
ထို့ပြင် Family Moe Paing ကုမ္ပဏီကိုလည်း သတ်မှတ်ထားသော ဥပဒေကို ဖောက်ဖျက်သည်ဟုဆိုကာ စက်တင်ဘာ ၁၉ ရက်မှစ၍ လိုင်စင်အား သုံးလ ဆိုင်းငံ့ခဲ့ကာ ၎င်းတို့ ရန်ကုန်မြို့၌ ဖွင့်လှစ်ထားသည့် ငွေလဲကောင်တာ ငါးခု၌ လည်း နိုင်ငံခြားသုံးငွေ ဝယ်ယူ၊ ရောင်းချခြင်းများ ဆောင်ရွက်ခွင့်မရှိဟု ကြေညာခဲ့ပြီး အခြားသော တရားမဝင် ရောင်းဝယ်မှုများကိုလည်း အရေးယူမည်ဟု ကြေညာခဲ့သည်။
ပန်းဆု