Main menu

Background

ပြည်တွင်း ငွေကြေးဈေးကွက် အရောင်းအဝယ် အေးနေ

Thu, 12/08/2022 - 12:10 -- journal_editor

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို ထိန်းချုပ်လျက်ရှိရာ ‌လက်ရှိ ပြည်တွင်းငွေကြေးဈေးကွက်အတွင်း ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ်အေးနေကြောင်း သိရသည်။
လက်ရှိတွင် ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းထားပြီး ဒေါ်လာဈေးနှုန်း တည်ငြိမ်မှုပျက်ပြားစေသည့် ကိစ္စရပ်များအပေါ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ဆောင်ရွက်နေသည့်အတွက် အမေရိကန်ဒေါ်လာဈေးမှာ ကျဆင်းလာနိုင်ပြီး ဖြစ်သင့်ဖြစ်ထိုက်သည့်နှုန်းထားကို တဖြည်းဖြည်း ရောက်ရှိလာမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဗဟိုဘဏ်က သတ်မှတ်ထားသည့်နိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာ ကျပ် ၂၁၀ဝ ဖြစ်ပြီး တရားမဝင်ပေါက်ဈေးနှင့် ကွာဟချက်ကြီးမားမှုကို လျှော့ချလိုသည့်အတွက် ယခု ၂၀၂၂ ခုနှစ် သြဂုတ် ၅ ရက်မှစတင်ကာ ပြင်ဆင်သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။                                                                          

 ပန်းဆု