Main menu

Background

ပြည်တွင်းငွေကြေးဈေးကွက် တည်ငြိမ်လျက်ရှိ

Mon, 01/09/2023 - 13:38 -- journal_editor

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို ထိန်းချုပ်ဆောင် ရွက်လျက်ရှိရာ ‌လက်ရှိ ပြည်တွင်းငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ် တည်ငြိမ်လျက်ရှိကြောင်း သိရသည်။
ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းငွေကြေးဈေးကွက် တည်ငြိမ်စေရန်အတွက် လက်ရှိ၌ လိုအပ်သည့် မူဝါဒဆိုင်ရာ တုံ့ပြန်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သို့သော် လက်ရှိတွင် ကျဆင်းနေသည့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကို မသမာသူများက ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်း ပြောင်းလဲမည်ဆိုသည့် ကောလဟလများ ထုတ်လွှင့်ကာ ဒေါ်လာဈေးဆွဲတင်ရန် ကြိုးစားနေမှုများရှိနေကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ယင်းသို့ဆောင်ရွက်နေမှုများကို မယုံကြည် ကြရန်နှင့် ဗဟိုဘဏ်အနေဖြင့် လက်ရှိ သတ်မှတ်ရည်ညွှန်းဈေး တစ်ဒေါ်လာ ကျပ် ၂၁၀ဝ ကိုလည်း ပြင်ဆင်ရန်မရှိသေးကြောင်း အသိပေးချက် ထုတ်ပြန်ထားသည်။
လက်ရှိတွင် ဗဟိုဘဏ်အနေဖြင့်USD Liquidity  အပြင် လုပ်ခလစာ ငွေလွှဲ ဝင်ရောက်မှုများမှနေ၍ ဈေးကွက်အတွင်းသို့ ၄၅ ရက်အတွင်း အမေရိကန်ဒေါ်လာ ၁၀၈ သန်း  ရောင်းချပေးခဲ့ပြီး  ဆက်လက်ရောင်းချပေးသွားရန်လည်း ရှိကြောင်း သိရသည်။                                                                                     
          ပန်းဆု