Main menu

Background

ဒေါ်လာဈေးကွက် ကြိုက်ရောင်း ကြိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ်အေး

Thu, 01/19/2023 - 16:08 -- journal_editor

လက်ရှိ ပြည်တွင်းငွေကြေးဈေးကွက်အတွင်း  ဒေါ်လာအရောင်းအဝယ်မှာ ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ်အေးနေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံက သိရသည်။
မြန်မာနိုင်ငံ‌တော်ဗဟိုဘဏ်အနေဖြင့် ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းပြီး ဒေါ်လာဈေးနှုန်း တည်ငြိမ်မှုကို ပျက်ပြားစေနိုင်သည့် ကိစ္စရပ်များကို စစ်ဆေးဆောင်ရွက်လျက်ရှိသော ကြောင့် ဒေါ်လာဈေးမှာ ဖြစ်သင့်ဖြစ်ထိုက်သည့်နှုန်းထားကို တဖြည်းဖြည်း ရောက်ရှိလာမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် နယ်စပ်ကုန်သွယ်ရေးတွင် ဘဏ်လုပ်ငန်းစနစ် ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်ရေးနှင့် ယွမ်၊ ထိုင်းဘတ်ငွေများ ပြန်လည်ဝင်ရောက်စေရန် ကြပ်မတ်ဆောင်ရွက်ခြင်း၊ အဓိက မဖြစ်မနေ တင်သွင်းရမည့် သွင်းကုန်များအတွက် အမေ ရိကန်ဒေါ်လာ ဦးစားပေးရောင်းချပေးခြင်း၊ အစိုးရချင်း ပို့ကုန်တင်ပို့မှုများတွင် လိုအပ်သည့် ညှိနှိုင်းမှုများ ပြုလုပ်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ဗဟိုဘဏ်က သတ်မှတ်ထားသည့် နိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာ ကျပ် ၂၁၀ဝ ဖြစ်ပြီး တရားမဝင်ပေါက်ဈေးနှင့် ကွာဟချက်ကြီးမားမှုကို လျှော့ချလိုသည့် အတွက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ် ၅ ရက်မှစတင်ကာ ပြင်ဆင်သတ်မှတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။                                                                                    

ပန်းဆု