Main menu

Background

ရွှေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Tue, 02/21/2023 - 15:55 -- journal_editor

ကမ္ဘာ့ရွှေဈေးသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၉၅၆ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ ဖေဖော်ဝါရီ ၈ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ  ၁၈၈၁ ဒေါ်လာဖြစ်ခဲ့သည်ကို  တွေ့ရှိရ သည်။ ပြည်တွင်းရွှေဈေးသည်လည်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၈၇၀ဝ၀ဝ ပေါက်ဈေးရှိခဲ့ရာမှ  ဖေဖော်ဝါရီ ၈ ရက်တွင် ကျပ် ၂၈၅၅၀ဝ၀ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှ ၈ ရက်အထိ  ရက် အလိုက် ဖြစ်ပေါ်ပြောင်းလဲခဲ့သော အမေရိကန်တစ်ဒေါ်လာနှင့် ညီမျှသော နိုင်ငံတကာ ငွေလဲလှယ်နှုန်း များကို တစ်ဖက်ပါဇယား ဖြင့် ဖော်ပြအပ်ပါသည်။

ယခုတစ်ပတ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ် ပြန်ချက်အရ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှ ၈ ရက်အထိတွင် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၂၁၀ဝ  ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပြီး အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း (ဗဟိုဘဏ် သတ်မှတ်နှုန်းထား)မှာ တည်ငြိမ်လျက်ရှိသည်။

ပြည်တွင်းရှိ ပြင်ပဒေါ်လာငွေကြေးဈေးကွက်၌ ဝယ်လို အား ပြောင်းလဲမှုပေါ်လိုက်၍  ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှ ၈ ရက်အထိ ရက်သတ္တပတ်အတွင်း  ကျပ် ၂၈၄၀-၂၈၅၀ ကြား ရှိနေကြောင်း သိရှိရသည်။