Main menu

Background

ပြည်တွင်းငွေကြေးဈေးကွက် အရောင်းအဝယ်ပုံမှန်အတိုင်းသာရှိ

Wed, 03/01/2023 - 15:16 -- journal_editor

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းငွေလဲနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်လျက်ရှိရာ လက်ရှိငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန် အတိုင်းသာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းရွှေနှင့် ငွေကြေးဈေးကွက် တည်ငြိမ်‌စေ ရေးအတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့်အတူ ဆက်လက် ပံ့ပိုး ပေးသွားမည်ဖြစ်သည်ဟု ဆိုသည်။
ယင်းအပြင် ဗဟိုဘဏ်အနေဖြင့် ပြင်ပဈေးအတိုင်း ရောင်းဝယ်မှုများ ပြုလုပ် နေသည့် လိုင်စင်ရ ငွေလဲကောင်တာများကိုလည်း အရေးယူမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
လက်ရှိ ဗဟိုဘဏ်က မှတ်ပုံတင်ထုတ်ပေးထားသည့် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေး အဖွဲ့အစည်းများအနေဖြင့် Money Changer လုပ်ငန်း ဆောင် ရွက်လိုပါက ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းအောက်မှ မဟုတ်ဘဲ သီးခြားကုမ္ပဏီ  သို့မဟုတ် မိခင်ကုမ္ပဏီအမည်ဖြင့်သာ လျှောက်ထားရန် မူဝါဒ ချမှတ်ထားကြောင်း သိရသည်။ 

ပန်းဆု