Main menu

Background

စတော့ရှယ်ယာတန်ဖိုး ကျပ်သန်းပေါင်း ၁၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့

Wed, 03/01/2023 - 15:21 -- journal_editor

ယခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှ ၂၂ ရက်အထိ နှစ်ပတ်တာကာလအတွင်း စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှုမှာ တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၁၈၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ သိရ သည်။
အဆိုပါ ကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေ စုစုပေါင်းမှာ ၆၅၄၇၆ ဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ် ၁၈၇ ဒသမ ၆၁ သန်း ရှိခဲ့ခြင်း ဖြစ်သည်။
ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချနိုင်မှုအနေဖြင့် First Myanmar  Investment (FMI)  က အစုရှယ်ယာ ၃၆၄၉ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃၀ ဒသမ ၉၈ သန်း၊ Myanmar Thilawa SEZ Holidings Public (MTSH)  က အစု ရှယ်ယာ ၂၃၃၈၂ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၇၃ ဒသမ ၈၂ သန်း ရရှိခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB)က အစုရှယ်ယာ ၈၀၅ ရောင်း ချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၆ ဒသမ ဝ၅ သန်း၊ ပထမပုဂ္ဂလိကဘဏ် (FPB) က အစု ရှယ်ယာ ၃၅၂၈၄ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၆၇ ဒသမ ၃၃ သန်း ရရှိခဲ့သည်။
ထို့အတူ TMH Telecom Public (TMH) က အစုရှယ်ယာ ၆၁၈ ရောင်းချနိုင် ခဲ့ပြီး တန်ဖိုး ကျပ် ၁ ဒသမ ၅၈ သန်း၊ Ever Flow River Group Public (EFR) က အစုရှယ်ယာ ၂၉၀ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် သုည ဒသမ ၇၆ သန်း၊ Amata Holding Public Co.,Ltd. (AMATA) က အစုရှယ်ယာ ၁၄၄၈ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၇ ဒသမ ဝ၉ သန်း စသည်ဖြင့် အသီးသီးရရှိခဲ့ကြောင်း သိရသည်။

ပန်းဆု