Main menu

Background

ပြည်တွင်း ငွေကြေးဈေးကွက် အရောင်းအဝယ် ပုံမှန်အတိုင်းသာရှိ 

Thu, 03/30/2023 - 14:17 -- journal_editor

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းငွေလဲနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်လျက်ရှိရာ လက်ရှိ ငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန်အတိုင်းသာရှိကြောင်း သိရသည်။

ပြည်တွင်း ရွှေနှင့် ငွေကြေးဈေးကွက်တည်ငြိမ်‌စေရန်အတွက် ဗဟိုဘဏ်အနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့်အတူ ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဗဟိုဘဏ်အနေဖြင့် ပြင်ပဈေးအတိုင်း အရောင်းအဝယ်ပြုလုပ်နေသည့် ၎င်းတို့ လိုင်စင်ထုတ်ပေးထားသော ငွေလဲကောင်တာများကိုလည်း အရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ သတ်မှတ်ချက်အား ဖောက်ဖျက်သည့် ကုမ္ပဏီ ၂၀ ခု၏ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer) များကို ရုပ်သိမ်းလိုက်ကြောင်း မတ်လ ၁၆ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အတွင်း Myanmar National Airlines ၊ Senjo Royal Myanmar ၊ Dawei Popular ၊ Sky Bound ၊ Phyo Thet  တို့အပါအဝင် ကုမ္ပဏီ ၂၀ ၏ အမည်စာရင်းများကို ဖော်ပြထားသည်။ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) ၏ အမည်မည်းစာရင်း ထည့်သွင်းခံရမှုကို အကြောင်းပြပြီး ငွေကြေးဈေးကွက်အတွင်း မသမာမှုများမပြုလုပ်ကြရန် ဗဟိုဘဏ်က သတိပေးထားပြီး စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုမရှိသည့် ဆောင်ရွက်မှုများ တွေ့ရှိပါက လိုအပ်သလို အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ပန်းဆု