Main menu

Background

ပြည်တွင်းငွေကြေးဈေးကွက် တည်ငြိမ်ပြီး ဈေးကွက်အေးနေ

Tue, 05/23/2023 - 11:57 -- journal_editor

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းငွေလဲနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်လျက်ရှိရာ လက်ရှိ ငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန် အတိုင်းသာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းရွှေနှင့် ငွေကြေးဈေးကွက် တည်ငြိမ်‌စေရေး အတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့်အတူ ဆက်လက်ပံ့ပိုးပေး လျက်ရှိကြောင်း သိရသည်။
ယင်းအပြင် ဗဟိုဘဏ်အနေဖြင့် ပြင်ပဈေးအတိုင်း ရောင်းဝယ်မှုများ  ပြုလုပ် နေသည့် လိုင်စင်ရ ငွေလဲကောင်တာများကိုလည်း အရေး ယူမှုများ ပြုလုပ်လျက်ရှိ သည်။
ထို့ပြင် လက်ရှိ ဗဟိုဘဏ်က မှတ်ပုံတင်ထုတ်ပေးထားသည့် ဘဏ်မဟုတ် သည့်  ငွေရေးကြေးရေး အဖွဲ့အစည်းများအနေဖြင့် Money Changers လုပ်ငန်း ဆောင်ရွက်လိုပါက ဘဏ်မဟုတ်သည့် ငွေရေးကြေးရေး  အဖွဲ့အစည်းအောက်မှ မဟုတ်ဘဲ သီးခြားကုမ္ပဏီ သို့မဟုတ် မိခင်ကုမ္ပဏီအမည်ဖြင့် လျှောက်ထားရန် မူဝါဒချမှတ်ထားကြောင်း သိရသည်။    

                                          
        ပန်းဆု