Main menu

Background

ပြည်တွင်း ငွေကြေးဈေးကွက်၌ ကြိုက်ရောင်း ကြိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ်ပြုလုပ်နေ

Mon, 06/05/2023 - 12:07 -- journal_editor

လက်ရှိ ပြည်တွင်း ငွေကြေးဈေးကွက်၌ ကြိုက်ရောင်း ကြိုက်ဝယ်စနစ်ဖြင့် သာ အရောင်းအဝယ်ပြုလုပ်နေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံက သိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်း ကိစ္စနှင့်ပတ်သက်၍ လက်ရှိ သတ်မှတ်နှုန်းထားကို ပြောင်းလဲမည်မဟုတ်ဘဲ ဘဏ် ငွေလဲကောင်တာများတွင် နိုင်ငံခြားငွေ ငွေသား တိုးမြှင့်ရောင်းချပေးမည်ဖြစ်ကြောင်း မေ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
ထို့ပြင်USD Liquidity နှင့်MMK Liquidity  တို့အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်သည့်အပြင် နိုင်ငံခြားငွေကြေးဈေး ကွက် တည်ငြိမ်စွာဖြင့် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ် စေရန်  ဆောင်ရွက်နေပြီး   ပြည်တွင်းဈေးကွက်သို့  USD Liquidity/ MMK Liquidity ကို ဘဏ်များမှတစ်ဆင့် ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
 ယင်းသို့ ဆောင်ရွက်ချက်များအရ စီးပွားရေးလုပ်ငန်းရှင်များအကြား USD Liquidity နှင့်MMK Liquidity လိုအပ်ချက်မြင့်တက်ခြင်းကို လျှော့ချထိန်းသိမ်း နိုင်ပြီး နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်နေကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။                                                                    

        ပန်းဆု