Main menu

Background

ရွှေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 06/05/2023 - 12:31 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်း အလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ကမ္ဘာ့ရွှေဈေးသည် မေ  ၂၅ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၆၀ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ မေ ၃၁ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၅၆ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရွှေဈေးသည် လည်း မေ ၂၅ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၀၆၁၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှ မေ ၃၁ ရက်တွင် ကျပ် ၃၀၅၀ဝ၀ဝ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။
၂၀၂၁ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ စက်တင်ဘာလ အစီရင်ခံစာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၆ ဒသမ ၂ ရာခိုင်နှုန်းရှိပြီးGDP သည် -၁၈ ဒသမ ၄ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်အတွက် ငွေကြေးဖောင်းပွမှုနှုန်းသည်   ၈  ရာခိုင်နှုန်းသို့  မြင့်တက်နိုင် ကြောင်း ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ်အတွက် မြန်မာနိုင်ငံ၏GDP သည် ၁ ရာခိုင်နှုန်းခန့် တိုးတက်နိုင်ကြောင်းWorld Bank  မှ ခန့်မှန်းထားသည်ကို တွေ့ရှိရသည်။ cecidata.com  မှ ဖော်ပြ ချက်၌ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏GDP   -၅ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ပြီးခဲ့သည့်နှစ်ထက် ၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက် လာကြောင်း ဖော်ပြထားသည်။
ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) သည် တိုးတက်မှုနှုန်း ၃ ဒသမ ၃ ရာခိုင်နှုန်း ရှိလာမည်ဖြစ်ပြီး  ၂၀၂၄ ခုနှစ်တွင် ၃.၄ % တိုးတက် မှုရှိလာနိုင်ကြောင်း  အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)က ခန့်မှန်း ထုတ်ပြန်ထားသည်။ ၂၀၂၃ ခုနှစ် မေ  ၂၅ ရက်မှ မေ  ၃၁ ရက်အထိ ရက်အလိုက် ဖြစ်ပေါ်ပြောင်းလဲခဲ့သော အမေရိကန် တစ်ဒေါ်လာနှင့် ညီမျှသော နိုင်ငံတကာ ငွေလဲလှယ် နှုန်းများကို ပူးတွဲပါဇယားဖြင့် ဖော်ပြအပ်ပါသည်။
ပြည်တွင်းရှိ  ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လိုအား ပြောင်းလဲမှုပေါ်လိုက်၍ ၂၀၂၃ ခုနှစ် မေ  ၂၅ ရက်မှ မေ  ၃၁ ရက်အထိ ရက်သတ္တပတ်အတွင်း ၂၉၀၅-၂၉၁၀ ကျပ်ကြားရှိနေကြောင်း  သိရှိရ သည်။

P&S