Main menu

Background

ပြည်တွင်းငွေကြေးဈေးကွက်အရောင်းအဝယ်အေးနေ

Mon, 07/03/2023 - 12:24 -- journal_editor

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို ထိန်းချုပ်လျက် ရှိရာ လက်ရှိ ပြည်တွင်း ငွေကြေးဈေးကွက်အတွင်း ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ် အေးနေကြောင်း သိရသည်။ 
လက်ရှိတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းဈေးကစားသူများ၊ တရားမဝင် နိုင်ငံ ခြားငွေ ရောင်းဝယ်သူများနှင့် တရားမဝင် နိုင်ငံခြားငွေ လွှဲပြောင်းသူများကို ရွှေနှင့် ငွေကြေးဈေးကွက်  စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး  လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ဖော်ထုတ်အရေးယူလျက်ရှိရာ ရန်ကုန်နှင့် မန္တလေးမြို့များတွင် သံသယဖြစ်ဖွယ် အထောက်အထားများ တွေ့ရှိရသည့် လူပုဂ္ဂိုလ် ၅၁ ဦးနှင့် ကုမ္ပဏီ တစ်ခုကို ဥပဒေအရေ အရေးယူနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။ 
အလားတူ အွန်လိုင်းလောင်းကစားလုပ်ငန်းများအတွက် တရားမဝင် ငွေလွှဲ ခြင်း၊ ငွေလက်ခံခြင်းများ ပြုလုပ်နေသူများနှင့် ကုမ္ပဏီနှစ်ခုကိုလည်း အရေးယူရန် ဆောင်ရွက်နေပြီး ၎င်းတို့ကို ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ် မတ်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ဖော်ထုတ်အရေးယူခြင်းဖြစ်ကြောင်း သိရသည်။                                                                                        

      ပန်းဆု