Main menu

Background

ပြည်တွင်းငွေကြေးဈေးကွက်၌ ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ်ပြုလုပ်နေ

Mon, 07/31/2023 - 11:54 -- journal_editor

လက်ရှိ ပြည်တွင်းငွေကြေးဈေးကွက်မှာ ကြိုက်ရောင်း ကြိုက်ဝယ်စနစ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံက သိရ သည်။ လက်ရှိတွင်  ဝိသမလောဘသားများနှင့် ဈေးကစားသူအချို့က ဈေးနှုန်း ကမောက်ကမဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်နိုင်သည်ဟူသည့် မဟုတ်မမှန်သော ကောလာဟလများ ထုတ်လွှင့်ကာ မသိနားမလည်သူများအား   လိမ်ညာအမြတ်ထုတ်ရန်  ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးထားသည်။
    ဗဟိုဘဏ်အနေဖြင့် ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကိစ္စနှင့်ပတ်သက်၍ လက်ရှိ သတ်မှတ်နှုန်းထားကို ပြောင်းလဲမည်မဟုတ်ဘဲ ဘဏ်ငွေလဲကောင်တာများတွင် နိုင်ငံခြားငွေ ငွေသားတိုးမြှင့် ရောင်းချပေးမည်ဖြစ်သည်ဟုဆိုသည်။ ထို့ပြင် USD Liquidity  နှင့်MMK Liquidity  တို့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဆက် လက်ပံ့ပိုးပေးသွားမည်ဖြစ်သည့်အပြင် နိုင်ငံခြားငွေကြေးဈေးကွက် တည်ငြိမ်စွာ ဖြင့် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန် ဆောင်ရွက် နေပြီး ပြည်တွင်းဈေးကွက်သို့ USD Liquidity, MMK Liquidity ကို ဘဏ်များမှ တစ်ဆင့် ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။                                      

     ပန်းဆု