Main menu

Background

စတော့ရှယ်ယာ တန်ဖိုး ကျပ်သန်း ၄၃၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့

Thu, 08/31/2023 - 09:59 -- journal_editor

သြဂုတ် ၁၀ ရက်မှ ၂၃ ရက်အထိ စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၄၃၀ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့ အိပ်ချိန်း YSX) မှ သိရသည်။
အဆိုပါကာလအတွင်း အရောင်းအဝယ် ဖြစ်မြောက်သည့် ရှယ်ယာအစောင် ရေ စုစုပေါင်း ၁၄၆၅၀ဝ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၄၃၇ ဒသမ ၁၆ သန်း ရှိခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာ ရောင်းချနိုင်မှုအနေဖြင့် First Myanmar Investment (FMI) က အစုရှယ်ယာ ၁၀၇၅၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၉၆ ဒသမ ၈၅ သန်း၊Myanmar Thilawa SEZ Holidings Public (MTSH)  က အစုရှယ်ယာ ၅၈၆၂၈ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၈၃ ဒသမ ၂၄ သန်းရရှိခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB) က အစုရှယ်ယာ ၅၇၉ ရောင်း ချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၄ ဒသမ ၅၈ သန်း၊ ပထမပုဂ္ဂလိကဘဏ် (FPB) က အစုရှယ် ယာ ၁၄၀၅၆ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၃ ဒသမ ၃၀ သန်း ရရှိခဲ့သည်။ ထို့ အတူ  TMH Telecom Public (TMH)က အစုရှယ်ယာ ၄၇၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁ ဒသမ ၁၃ သန်း၊Ever Flow River Group Public (EFR)က အစု ရှယ်ယာ ၁၈၄၂၆ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၄၂ ဒသမ ၄၄ သန်းရရှိခဲ့သည်။ 
ယင်းအပြင် Amata Holding Public Co.,Ltd. (AMATA)  က အစုရှယ်ယာ ၂၇၆ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁ ဒသမ ၃၆ သန်း၊Myanmar Agro Exchange Public Co.,Ltd. (MAEX)  က အစု ရှယ်ယာ ၄၃၃၀၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၈၄ ဒသမ ၂၄ သန်း စသည်ဖြင့် အသီးသီးရရှိခဲ့ကြောင်း သိရသည်။

 ပန်းဆု