Main menu

Background

ပြည်တွင်း ငွေကြေးဈေးကွက် အရောင်းအဝယ်အေးနေ

Mon, 09/11/2023 - 11:02 -- journal_editor

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို ထိန်းချုပ်လျက် ရှိရာ လက်ရှိ ပြည်တွင်းငွေကြေးဈေးကွက်အတွင်း ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ် အေးလျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ် ၂၈ ရက်၌ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ  ရောင်းဝယ်မှု ပြုလုပ်နေသူများကို တာဝန်ရှိသူများက အသွင်ယူ  ဖမ်းဆီးခဲ့ပြီးနောက်ပိုင်းတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းများ ကျဆင်းလာကြောင်း သိရသည်။
Dollar Buy^Sell Market and Newsနှင့် ယူရို၊ ဒေါ်လာ ရောင်းဝယ်ပို့ဆောင် လိုသူများ ဆုံစည်းရာEuro Dollar Trading Group  စသည့် နာမည်များဖြင့် လူမှု ကွန်ရက်ပေါ်တွင် သတ်မှတ်ပေါက်ဈေးထက် ကျော်လွန်၍ ငွေကြေးအရောင်းအဝယ် ပြုလုပ်နေသူတစ်ဦးကို တာဝန်ရှိသူများက အသွင်ယူဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဗဟိုဘဏ်သတ်မှတ်ထားသည့် အမေရိကန်ဒေါ်လာ ရည်ညွှန်ဈေးမှာ တစ် ဒေါ်လာ ၂၁၀ဝ ကျပ်၊ လိုင်စင်ရ ငွေလဲကောင်တာများတွင် တစ်ဒေါ်လာ ၂၉၂၀ ကျပ် သတ်မှတ်ထားပြီး အဆိုပါ သတ်မှတ်ဈေးထက် ပိုမိုရောင်းချခြင်းမပြုလုပ်ရန် ဗဟိုဘဏ်က အသိပေးထားသည်။ ဗဟိုဘဏ်အနေဖြင့် ရည်ညွှန်းနိုင်ငံခြားငွေလဲ နှုန်းကိစ္စနှင့်ပတ်သက်၍  လက်ရှိ သတ်မှတ်နှုန်းထားကို ပြောင်းလဲမည်မဟုတ်ဘဲ ဘဏ်ငွေလဲကောင်တာများတွင် နိုင်ငံခြားငွေ ငွေသားတိုးမြှင့် ရောင်းချပေးမည်ဖြစ် ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။                                          

 

    ပန်းဆု