Main menu

Background

စတော့ရှယ်ယာ တန်ဖိုး ကျပ်သန်း ၂၆၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့

Mon, 09/11/2023 - 11:05 -- journal_editor

ပြီးခဲ့သည့် သြဂုတ် ၂၄ ရက်မှ ယခု စက်တင်ဘာလ ၆ ရက်အထိ စာရင်းဝင် ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၂၆၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ သိရသည်။ အဆိုပါ ကာလအတွင်း အရောင်းအဝယ် ဖြစ်မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း ၉၇၈၂၄ စောင် ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၂၆၄ ဒသမ ၄၅ သန်း ရှိခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချနိုင်မှုအနေဖြင့်  First Myanmar Investment (FMI)  က အစုရှယ်ယာ ၅၅၇၂ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၅၂ ဒသမ ၄၀ သန်း၊ Myanmar Thilawa SEZ Holidings Public (MTSH) က အစု ရှယ်ယာ ၄၇၂၃၈ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၄၈ ဒသမ ၉၉ သန်း ရရှိခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ် MCB)) က အစုရှယ်ယာ ၁၂၅၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၉ ဒသမ ၉၇ သန်း၊ ပထမပုဂ္ဂလိကဘဏ် (FPB)က အစုရှယ်ယာ ၈၃၅၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၄ ဒသမ ၁၅ သန်း ရရှိခဲ့သည်။ ထို့အတူ  TMH Telecom Public (TMH)  က အစုရှယ်ယာ ၉၁၀ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂ ဒသမ ၂၂ သန်း၊ Ever Flow River Group Public (EFR) က အစု ရှယ်ယာ ၂၇၆၇ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၆ ဒသမ ၃၆ သန်း ရရှိခဲ့သည်။  ယင်းအပြင် Amata Holding Public Co.,Ltd. (AMATA)က အစုရှယ်ယာ ၁၆၃၁ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၇ ဒသမ ၈၉ သန်း၊ Myanmar Agro Exchange  Public Co.,Ltd. (MAEX)  က အစုရှယ်ယာ ၁၂၀၉၆ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၂ ဒသမ ၄၅ သန်း စသည်ဖြင့် အသီးသီးရရှိခဲ့ကြောင်း သိရသည်။            

 

ပန်းဆု