Main menu

Background

ပြည်တွင်း ငွေကြေးဈေးကွက် ကြိုက်ရောင်း၊ ကြိုက်ဝယ် စနစ်ဖြင့်သာ အရောင်းအဝယ် ပြုလုပ်လျက်ရှိ

Tue, 10/10/2023 - 11:31 -- journal_editor

ပြည်တွင်း ငွေကြေးဈေးကွက်မှာ  လက်ရှိတွင် ကြိုက်ရောင်း၊ ကြိုက်ဝယ် စနစ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ် သူများထံက သိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်တွင်း ငွေကြေးဈေးကွက် တည် ငြိမ်စေရေး၊ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးနှင့် နိုင်ငံခြားငွေ ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီဖြင့် ထိန်းကျောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းကော်မတီသည် လုပ်ငန်းတာဝန် ခြောက်ရပ်ကို တာဝန်ယူ ဆောင်ရွက် လျက်ရှိပြီး ပြည်တွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အတွက် လိုအပ်သည့်စက်ပစ္စည်းများ၊ လုပ်ငန်းသုံးယာဉ်ယန္တရားများ၊ ကုန်ထုတ် လုပ်မှုအတွက် လိုအပ်သည့် အသုံးအဆောင်များနှင့် ကုန်ကြမ်းပစ္စည်း စသည်တို့ တင်သွင်းရန် လိုအပ်သည့် နိုင်ငံခြားသုံးငွေများအား စိစစ်ခွင့်ပြုပေးနေကြောင်း သိရသည်။ ပြည်သူများ စားဝတ်နေရေးအတွက် လိုအပ်သည့် စက်သုံးဆီ၊ ဆေးဝါး၊ စားသုံးဆီ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပြည်တွင်း၌ ဝယ်ယူနိုင်ခြင်း  မရှိသည့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ အစရှိသည်တို့ ဝယ်ယူရေးအတွက်လိုအပ် သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုခြင်း၊ ပြည်ပသို့ ဆေးဝါးကုသခြင်း၊ ပညာရေး ကိစ္စများအတွက် သွားရောက်ခြင်းနှင့် ဘာသာရေးကိစ္စများအတွက် သွားရောက်ခြင်း စသည်တို့အတွက်လည်း နိုင်ငံခြားသုံးငွေကို စိစစ်ခွင့်ပြုပေးလျက်ရှိသည်။

 

ပန်းဆု