Main menu

Background

ပြည်တွင်း ငွေကြေးဈေးကွက် ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်သာရှိ

Mon, 10/23/2023 - 14:36 -- journal_editor

လက်ရှိ ပြည်တွင်းငွေကြေးဈေးကွက်အတွင်း ကြိုက်ရောင်း၊ ကြိုက်ဝယ် စနစ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူ များထံက သိရသည်။ ဈေးကွက်အတွင်း လက်ရှိတွင် ဝိသမလောဘသားများနှင့် ဈေးကစားသူအချို့က ဈေးနှုန်း ကမောက်ကမဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ရည် ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်း   မြင့်တက်နိုင်သည်ဟူသည့်   မဟုတ်မမှန်သော ကောလာဟလများ ထုတ်လွှင့်ကာ မသိနားမလည်သူများအား လိမ်ညာအမြတ်ထုတ် ရန်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးထားသည်။
ဗဟိုဘဏ်အနေဖြင့် ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကိစ္စနှင့်  ပတ်သက်၍ လက်ရှိ သတ်မှတ်နှုန်းထားကို ပြောင်းလဲမည်မဟုတ်ဘဲ ဘဏ်ငွေလဲကောင်တာများ တွင် နိုင်ငံခြားငွေ ငွေသားတိုးမြှင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
 ထို့ပြင်  ှီ့ ူငဆကငိငအပ နှင့် ြု ူငဆကငိငအပ တို့အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်သည့်အပြင် နိုင်ငံခြားငွေကြေးဈေး ကွက် တည်ငြိမ်စွာဖြင့် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ် စေရန် ဆောင်ရွက်နေပြီး ပြည်တွင်းဈေးကွက်သို့  ှီ့ ူငဆကငိငအပ။ြု ူငဆကငိငအပ ကို ဘဏ်များမှတစ်ဆင့် ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။                  

 

  ပန်းဆု