Main menu

Background

ပြည်တွင်း ငွေကြေးဈေးကွက် ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်လျက်

Tue, 11/07/2023 - 11:40 -- journal_editor

ပြည်တွင်း ငွေကြေးဈေးကွက်မှာ လက်ရှိတွင် ကြိုက်ရောင်း၊ ကြိုက်ဝယ် စနစ် ဖြင့်သာ အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူ များထံမှ သိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် လက်ရှိတွင် နိုင်ငံခြား ငွေကြေးဈေးကွက် တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန် ဆောင်ရွက်နေပြီး USD Liquidity/ MMK Liquidity ကို ပြည်တွင်း ဈေးကွက်သို့ ဘဏ်များမှတစ်ဆင့် ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ချက်များအရ စီးပွားရေးလုပ်ငန်းရှင် များအကြား USD Liquidity/ MMK Liquidityလိုအပ်ချက် မြင့်တက်ခြင်းကို လျှော့ချထိန်းသိမ်း နိုင်ခဲ့ပြီး နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပြည်ပသို့ ပညာသင်သွားရောက်မည့်သူများ၊ ဆေးကုသမှုအတွက် သွားရောက်မည့်သူများ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ပအလုပ်အကိုင်ရှာဖွေရေး အစီအစဉ်အရ အလုပ်သွားရောက် လုပ်ကိုင်မည့်သူများအတွက် ဘဏ်ငွေလဲကောင် တာများတွင် အသေးသုံး နိုင်ငံခြားငွေများ တိုးမြှင့် ရောင်းချပေးလျက်ရှိသည့်အပြင် နိုင်ငံတကာသုံး ငွေပေးချေကတ်များဖြင့်လည်း သတ်မှတ်ပမာဏအတွင်း ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။                                                              

 ပန်းဆု